စိုက်ခင်းတွေကို ဆိုလာစနစ်သုံး Automatic Watering System နဲ့ ရေဖြန်းနိုင်ပြီ။

စက်သုံးဆီမလို လူအားမပါဘဲ ပန်းခြံတွေနဲ့ စိုက်ခင်းတွေကို ဆိုလာစနစ်သုံး Automatic Watering System နဲ့ ရေဖြန်းနိုင်ပြီ။ ကိုယ်ပိုင် ဆိုလာစနစ်နဲ့ လည်ပတ်ပြီး Control Box ကတစ်ဆင့် ဖြန်းလိုတဲ့ ရေလီတာ၊ ကြာချိန်၊ ရေဖြန်းရမယ့် အချိန်တို့ကို သတ်မှတ်ပေးလိုက်တာနဲ့ အလိုအလျောက် ရေဖြန်းပေးခြင်း၊ အာဟာရတိုက်ကျွေးခြင်း ဆောင်ရွက်နိုင်တဲ့ Automatic Watering System ကို Organic.com.mm က စိုက်ခင်း (18) ခုမှာ တပ်ဆင်ပေးထားပြီးဖြစ်ပါတယ်။

စိုက်ခင်းကြီးများသာမက Home Garden များ၊ ကွန်ဒို၊ ဟိုတယ်၊ ဆေးရုံများမှာ စိုက်ပျိုးထားတဲ့ Garden များအတွက်လည်း ကျွန်တော်တို့ Organic.com.mm ရဲ့ Auto Watering System ကို အသုံးပြုနိုင်ပါတယ်။ Automatic Watering System မှာဆိုရင်

  • Drip irrigation
  • Sprinklers irrigation
  • Surface irrigation စနစ် (၃) မျိုးပါဝင်ပါတယ်။

Automatic Watering System တပ်ဆင်မယ်ဆိုရင်

  • ပင်ခြား၊ တန်းခြား
  • မြေပြင်အနေအထား
  • လျှပ်စစ်မီး ရ/မရ
  • လက်ရှိရေရရှိမှု(အင်ဂျင်၊ မော်တာ၊ ရေစင်)
  • ရေစင်ရဲ့ ကန်အနေအထား (Size) နှင့် မြေပြင်မှ အမြင့်
  • အင်ဂျင်၊ မော်တာ မြင်းကောင်ရေအား
  • အပင်အမျိုးအစား
  • အပင်သက်တမ်း
  • နေရာဒေသ

တို့ကို ပထမဦးဆုံး Survey ကောက်ယူရပါမယ်။

အထက်ပါအချက်အလက်တွေပြည့်စုံပြီး စတင်တပ်ဆင်မယ်ဆိုရင်တော့ တပ်ဆင်ချိန် နှစ်ပတ်ခန့်နှင့်အထက်ကို လုပ်ငန်းခွင် အကြီးအသေးပေါ်မူတည်ပြီး ကြာမြင့်နိုင်ပါတယ်။ (Home Garden နဲ့ စိုက်ခင်းပေါ်မူတည်ပြီး တပ်ဆင်ချိန်ကွာခြားနိုင်ပါတယ်ခင်ဗျာ)

တပ်ဆင်သွားမယ့် ပစ္စည်းများအတွက်လည်း

Automatic Watering Control Box အတွက် (၁) နှစ် အာမခံ ရေပိုက်နဲ့ Auto Robot Bar များအတွက် အာမခံမပေးသော်လည်း PE Pipe များက ရိုသေစွာ သုံစွဲပါက (၁၅) နှစ်မှ နှစ် (၂၀) အထိ အသုံးပြုနိုင်ပါတယ်။ Auto Robot Bar များကလည်း မိုးလုံလေလုံထားမယ်ဆိုရင် လွယ်လွယ်မပျက်စီးနိုင်လို့ Automatic Watering System ကို မိတ်ဆွေစိုက်ခင်းမှာ ယုံကြည်စိတ်ချစွာ တပ်ဆင်နိုင်ပါတယ်ခင်ဗျာ။

အသေးစိတ်သိရှိလိုပါက 09 4210 140 55 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Organic.com.mm သည် MFVP အသင်းကြီးရဲ့ လမ်းညွှန်ချက်အတိုင်း တစ်သွေမတိမ်း ဆောင်ရွက်နေသောလုပ်ငန်းဖြစ်ပါတယ်ခင်ဗျာ။