ဇီဝ၊ ခိုင်တိုစန်၊ နာနို၊ ဩဂဲနစ် နည်းပညာတွေ ဘယ်လိုပတ်သက်နေသလဲ သိလိုပါသလား။

သဘာဝတရားကြီးတွင် သဘာဝဂေဟစနစ်ကို ထိန်းညှိပေးသော သဘောသဘာဝ ရှိသည်။

ပိုးမွှားများတွင် အပင်ကို ဖျက်ဆီးသော ရန်သူပိုးနှင့် ယင်းပိုးမွှားများကို စားသုံးပစ်သော မိတ်ဆွေပိုးဟူ၍ ရှိသည်။ ယင်းပိုးမွှားများမှာ ယင်းဂေဟစနစ်အတွင်း အပြန်အလှန်ထိန်းညှိပေးခြင်းဖြင့် မျှခြေတစ်ခုတွင် တည်ရှိသည်။

ယခုအခါတွင် ဓါတုပိုးသတ်ဆေးများ အလွန်အကျွံသုံးစွဲလာခြင်းအားဖြင့် ဖျက်ပိုးများသာမက မိတ်ဆွေပိုးများပါ သေကြေစေသဖြင့် ယင်းသဘာဝမျှခြေကို ပျက်ဆီးစေကာ မလိုလားအပ်သော အထက်ပါ နောက်ဆက်တွဲ အကျိုးဆက်များကို ဖြစ်စေသည်။

သဘာဝ ဩဂဲနစ်မြေဩဇာများကို သုံးစွဲစိုက်ပျိုးထားသော အပင်များမှာမူ လိုအပ်သော အာဟာရဓါတ်များကို မျှတစွာ စုပ်ယူစားသုံးကြရသည့်အတွက် အပင်များကြံ့ခိုင်ကျန်းမာကာ ရောဂါဒဏ်ကို ကြံ့ကြံ့ခံနိုင်ကြသည်။ အရွက်များမှာလည်း ဓာတုမြေဩဇာသုံးစွဲထားသည့် အပင်များကဲ့သို့ စိမ်းစိုနုဖတ်မနေပဲ ရွက်ကြောများမှာ ကြမ်းတမ်းကာ စိမ်းနေသော သဘာဝရှိသည်။

ယင်းအခြေအနေသည်ပင် အင်းဆက်ပိုးများကို ဆွဲဆောင်မှုလျော့နည်းကာ ပိုးမွှားဒဏ်ကို အထိုက်အလျောက် ကာကွယ်ပြီး ဖြစ်နေသည်။ ထို့အပြင် ဩဂဲနစ်မြေဩဇာများဖြင့် စိုက်ပျိုးထားသော အပင်များမှာ ရာသီဥတု ပြင်းထန်သောကာလများတွင် ခံနိုင်ရည်ရှိကြသည်။

ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ သုံးစွဲ၍ စိုက်ပျိုးထုတ်လုပ်ထားသော စနစ်တွင် ယင်းဓါတုပစ္စည်းများကြောင့် လေထုကို ညစ်ညမ်းစေပြီး လူ့ကျန်းမာရေးကိုသာမက သဘာဝပတ်ဝန်းကျင်ကိုပါ ထိခိုက်စေသည်။ ဓါတုပစ္စည်းများ လယ်ကွင်းအတွင်း ပက်ဖျန်းခြင်းဖြင့် ၎င်းတို့သည် လယ်ကွင်းအတွင်း ရေမှတဆင့် ဆည်မြောင်းများ၊ ချောင်းများသို့ စီးဝင်ကာ ရေနေသတ္တဝါများကို သေကြေစေခြင်း၊ ယင်းရေကို သောက်သုံး အသုံးပြုကြသည့် ဒေသခံပြည်သူများ၏ ကျန်းမာရေးကိုပါ ထိခိုက်စေခြင်းတို့ ဖြစ်စေပါသည်။

ထိုကဲ့သို့ သဘာဝဂေဟစနစ်များကို အသေးစိပ်ခွဲခြားပြီး ဇီဝနည်းပညာ၊ ခိုင်တိုစန်နည်းပညာ၊ နာနိုနည်းပညာများနှင့် ဩဂဲနစ်အဆင့်မြင့်စိုက်ပျိုးရေး နည်းပညာများရဲ့ ပတ်သက်မှုတွေကို လေ့လာမှတ်ယူနိုင်မှာ ဖြစ်ပါတယ်။

ဆရာ ပါမောက္ခဒေါက်တာမြင့်လွင် ရေးသားသော ဩဂဲနစ် တောင်သူလက်စွဲ စာအုပ်ကို Organic.com.mm မှာ မှာယူရရှိနိုင်ပါပြီ။

Ph – 09421014055 ကို ဆက်သွယ်၍ဖြစ်စေ ..Page chat box ကဖြစ်စေ မှာယူနိုင်ပါတယ်။

Price – 6000 Ks

Deli ခကတော့ သက်ဆိုင်ရာ နေရာဒေသအလိုက် ကျသင့်မှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့တွင်းကိုတော့ အိမ်ရောက်ငွေချေစနစ်နဲ့ ပို့ဆောင်ပေးပါမယ် ခင်ဗျာ ..

#openmoregoodwill

#OpenMoreOnline

#organic

#organicfood