ပင်လယ်ရေမှော်မှ သြဂဲနစ်မြေသြဇာထုတ်လုပ်ခြင်း

အစွမ်းထက်သည့် ဘသာဝစွမ်းအားများကို ဖော်ထုတ်အသုံးချပါ စာအုပ်မှ။

ပင်လယ်ရေမှော်(𝗦𝗲𝗮 𝗪𝗲𝗲𝗱)ဆိုသည်မှာ ပင်လယ်ရေထဲတွင် ပေါက်ရောက်သော ရေညှိ(𝗔𝗹𝗴𝗮𝗲)များဖြစ်သည်။ ၎င်းတို့သည့် သဘာဝအတိုင်းပေါများစွာရရှိနိုင်သည့် မကုန်ဆုံးနိုင်သည့် ပြန်လည်ပြည့်ဖြိုးမြဲ (𝗥𝗲𝗻𝗲𝘄𝗮𝗯𝗹𝗲) သဘာဝသွင်းအားစုများဖြစ်သည်။အလွယ်တကူစိုက်ပျိုးထုတ်လုပ်၍လည်းရပါသည်။

မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း၊ တနင်္သာရီကမ်းရိုးတန်း၊ဧရာဝတီတိုင်းတွင် တွေ့နိုင်ပါသည်။

၎င်းသည်တခြားသော သစ်ရွက်စိမ်း၊ပင်လယ်မြက် (𝗦𝗲𝗮 𝗚𝗿𝗮𝘀𝘀)၊ရေညှိ၊ရေချို၊တိရိစ္ဆာန်ချေးများထက် 𝗡 နှင့် 𝗞 ပိုမိုပါဝင်သည့်အပြင် အပင်အတွက်အရေးကြီးသော 𝗕𝗶𝗼𝗮𝗰𝘁𝗶𝘃𝗲 𝗦𝘂𝗯𝘀𝘁𝗮𝗻𝗰𝗲 နှင့်အနည်းလိုအာဟာရဓာတ်များ ပိုမိုပါဝင်သောကြောင့် အစွမ်းထက်သောသြဂဲနစ်မြေသြဇာများ ထုတ်လုပ်နိုင်ပါသည်။

𝐍 𝟏-𝟓 %, 𝐏 𝟎.𝟏-𝟏 %, 𝐊 𝟏-𝟏𝟓 ပါဝင်သည့်အပြင် အရည်အသွေးကောင်းသော ရွက်ဖြန်းမြေသြဇာများ ထုတ်လုပ်နိုင်သည့် 𝐀𝐥𝐠𝐢𝐧𝐢𝐜 𝐚𝐜𝐢𝐝, 𝐇𝐮𝐦𝐢𝐜 𝐚𝐜𝐢𝐝

ကဲ့သို့သော 𝗕𝗶𝗼𝘀𝘁𝗶𝗺𝘂𝗹𝗮𝘁𝗼𝗿 များပါဝင်ပါသည်။ ပရိုတင်းပါဝင်မှု ၁၀ မှ ၃၀% အထိပါဝင်နိုင်ပါသည်။

ရေညှိအနီ (𝐫𝐞𝐝 𝐚𝐥𝐠𝐚𝐞)၊ ရေညှိအညို (𝐛𝐫𝐨𝐰𝐧 𝐚𝐥𝐠𝐚𝐞)၊ ရေညှိအစိမ်း ( 𝐠𝐫𝐞𝐞𝐧 𝐚𝐥𝐠𝐚𝐞) ဟု (၃) မျိုးရှိရာ ရေညှိအညိုသည် (𝐁𝐫𝐨𝐰𝐧 𝐬𝐞𝐚 𝐰𝐞𝐞𝐝) သည် အပင်အာဟာရဓာတ်နှင်ဟူးမစ်အက်စစ်ပိုမိုပါဝင်သောကြောင့် သြဂဲနစ်မြေသြဇာထုတ်ရန် ပိုကောင်းပါသည်။

ပင်လယ်ရေမှော်များသည် သြဂဲနစ်မြေသြဇာများထုတ်လုပ်ရာတွင်လည်း အခြားသောသြဂဲနစ်ပစ္စည်းများကဲ့သို့ မြေဆွေးမလုပ်ဘဲ အခြောက်လှမ်း အမှုန့်ကြိတ်ရုံဖြင့် အလွယ်တကူမြေသြဇာလုပ်နိုင်သည့်အပြင် အနည်းငယ်သုံးရုံဖြင့် အကျိုးကျေးဇူးများစွာရနိုင်ပါသည်။မြေဆွေးလုပ်ပြီး ထုတ်လုပ်၍လည်းရပါသည်။ပရိုတင်းပါဝင်မှုများသဖြင့် ငါးအမိုင်နိုအက်စစ်ထုတ်သကဲ့သို့ ရွက်ဖြန်းမြေသြဇာအလွယ်တကူထုတ်၍ ရပါသည်။

သို့သော် ရေအောက်သံယံဇာတများဖြစ်သည့် 𝐬𝐞𝐚 𝐰𝐞𝐞𝐝, 𝐬𝐞𝐚 𝐠𝐫𝐚𝐬𝐬, 𝐚𝐥𝐠𝐚𝐞, 𝐛𝐥𝐮𝐞 𝐠𝐫𝐞𝐞𝐧 𝐚𝐥𝐠𝐚𝐞 ခေါ် 𝗰𝘆𝗮𝗻𝗼𝗯𝗮𝗰𝘁𝗲𝗿𝗶𝗮 တို့၏ မတူကွဲပြားမှုတစ်မျိုးချင်းစီ၏ ထူးခြားသောအစွမ်းသတ္တိများကို နားလည်သဘောပေါက်ပြီး ဆောင်ရွက်လျှင်ပိုမိုအကျိုးအမြတ်ရနိုင်ပါသည်။ ထိုကဲ့သို့စိတ်ဝင်စားဖွယ်ကောင်း၍ အကျိုးကျေးဇူးအင်မတန်ထူးကဲသည့် သဘာဝမြေသြဇာအမျိုးမျိုးအကြောင်းစာအုပ် မကြာမှီထွက်ပါမည်။

ပါမောက္ခဒေါက်တာမြင့်လွင်

၁၁.၆.၂၀၂၃

#openmoregoodwill

#organicproduct

#organicfood

#organic