မခူးဆွတ်ခင်မှ ပို့ဆောင်ချိန်ထိ အထူးဂရုစိုက်ရတဲ့ organic သီးနှံများ

သဘာဝကိုအသားပေးပြီး အော်ဂဲနစ်စိုက်ပျိုးရေးစနစ်နဲ့ သီးနှံတွေတော့ ထွက်ရှိလာပါပြီ။ ဒီသီးနှံတွေကို ခူးဆွတ်တာ၊ ထုပ်ပိုးတာ၊ ပို့ဆောင်တာတွေကရော လွယ်ကူနေရဲ့လား? အော်ဂဲနစ်စိုက်ပျိုးရေးကနေ ထွက်ရှိလာတဲ့သီးနှံတွေကို ခူးဆွတ်ဖြန့်ဝေရာမှာလည်း

  • အရည်အသွေး ပြည့်မီစေဖို့
  • အရောင် အနံ့ အရသာ ကောင်းဖို့
  • သီးနှံအလိုက် စျေးကောင်းရဖို့
  • စားသုံးသူတွေဆီ ချောမွေ့စွာရောက်ရှိစေဖို့

ဒီလိုလုပ်ငန်းစဉ်အဆင့်ဆင့်နဲ့ ဂရုတစိုက်လုပ်ဆောင်ပေးဖို့ လိုအပ်ပါသေးတယ်။

Pre Harvest Stage

သစ်သီးထွက်ရှိနိုင်မှုအခြေအနေကို ခန့်မှန်းပြီး Grade A အဆင့်ထွက်ရှိနိုင်နှုန်းကို တွက်ချက်ရပါတယ် ရနိုင်တဲ့ အခြေအနေပေါ်မူတည်လို့ ကွာလတီပိုကောင်းမွန်စေဖို့ ဖွံ့ဖြိုးမှုအားနည်းတဲ့ သီးနှံတွေကို ဖယ်ရှားတာမျိုးဖြစ်ဖြစ် လိုအပ်တာတွေ ဆင့်ကဲဆောင်ရွက်ပေးရပါတယ်

Post Harvest Stage

ခူးဆွတ်တဲ့အဆင့်မှာဆိုရင်လည်း အညှာပါအောင်အထိ စနစ်တကျ ခူးဆွတ်တာ၊ သန့်သန့်ရှင်းရှင်း ခူးဆွတ်တာ၊ အပျက်အစီးမရှိအောင် စနစ်တကျ သယ်ဆောင်တာတွေအထိ ဂရုစိုက်ပေးရပါတယ်

Grade & Size Classification Stage

အရွယ်အစား နဲ့ အသီးကွာလတီအလိုက် ညီမျှတဲ့ Premium အဆင့်အတန်းဖြစ်အောင် သေသေချာချာ စိစစ်ခွဲခြားသတ်မှတ်ရပါတယ်

Premium Cleaning Stage

သစ်သီးတွေကို Premium အဆင့် သန့်စင်ခြင်းတွေ ဆောင်ရွက်ပြီးမှ စနစ်တကျ ထုပ်ပိုးကြရပါတယ်

Premium Packaging Stage

ထုပ်ပိုးရာမှာလည်း Premium အဆင့်နဲ့ကိုက်ညီအောင်၊ သီးနှံအရည်အသွေးအလိုက် စျေးကောင်းရရှိအောင် Quality Packaging တွေ အသုံးပြုပေးရပါတယ်

Premium Delivery Stage

ဒီအဆင့်မှာတော့ စိုက်ခင်းထဲက လတ်ဆတ်မှုအတိုင်း အပူအအေးကွာခြားမှုမရှိအောင် အအေးခန်းကားနဲ့ အရည်အသွေးထိန်းသိမ်း ပို့ဆောင်ပေးရပါတယ်ခင်ဗျာ

Organic.com.mm သည် MFVP အော်ဂဲနစ်ရေးရာကော်မတီ၏ လမ်းညွှန်မှုများကို လိုက်နာခြင်းအား အထူးအရေးထားပါသည်။