မထင်မှတ်တဲ့ တချို့လုပ်ဆောင်ချက်တွေက ပိုးကျနှုန်းမြန်ဆန်စေတာကြောင့် ကျွန်တော်တို့ အထူးဂရုစိုက် စိုက်ပျိုးသင့်နေပါပြီ။

မထင်မှတ်တဲ့ တချို့လုပ်ဆောင်ချက်တွေက ပိုးကျနှုန်းမြန်ဆန်စေတာကြောင့် ကျွန်တော်တို့ အထူးဂရုစိုက် စိုက်ပျိုးပြီး ခံစားရမယ့်အသီးအပွင့်တန်ဖိုးနဲ့အမြတ်ငွေတွေကို လျော့နည်းမသွားစေဖို့ အထူးဂရုထားသင့်ပါတယ်။

🔸 သီးနှံတစ်မျိုးတည်းကို နှစ်စဥ်ဆက်တိုက်စိုက်ပျိုးခြင်း။

သီးညှပ်/သီးလှည့် စနစ်မကျင့်သုံးတဲ့ နှစ်စဥ်သီးနှံတစ်မျိုးတည်းစိုက်တဲ့ စိုက်ခင်းတွေက အဖျက်ပိုးမွှားတွေအတွက် လာရောက်စားသောက်ဖို့ အဓိကပြစ်မှတ်ဖြစ်လာပါတယ်။

သည့်အတွက်ကြောင့် တချို့တောင်သူများက အဓိကစိုက်ပျိုးတဲ့သီးနှံများကြား ပြောင်းပင်များကို စိုက်ပျိုးပြီး အဖျက်ပိုးများရဲ့ပစ်မှတ်ကိုပြောင်းလဲစေကာ ဆေးဖြန်းရာမှာလည်း ကြားညှပ်စိုက်ပျိုးထားတဲ့ ပြောင်းပင်ကို အဓိကဖြန်းပက်ပြီး ပိုးသတ်ပါတယ်။

🔸အပင်အကြွင်းအကျန်များအား စနစ်တကျ မရှင်းလင်းထားခြင်း။

အပင်အကြွင်းအကျန်များမှာ မြေဆီလွှာအတွက် အာဟာရဖြစ်သည်ဆိုသော်ငြား နောက်တစ်သီးမစိုက်ခင် ထယ်ထိုး၊ မြေပြင်ခြင်းမရှိပါက စုပုံထားသည့် ယခင်အပင်အကျွင်းအကျန်များတွင် ခိုအောင်းနေသည့် အဖျက်ပိုးများကို စိုက်ခင်းတစ်ခုလုံး ပေးလိုက်သလို ဖြစ်နေရမှာပါ။

ထို့ကြောင့် မြေသြဇာဖြစ်စေဖို့ ရည်ရွယ်ရင်းဖြင့် အပင်အကြွင်းအကျန်များကို မစွန့်ပစ်သည့်တိုင် နောက်တစ်သီးမစိုက်ပျိုးခင်မှာ အပင်အကျွင်းအကျန် မရှိစေရန် အထူးသတိပြုသင့်ပါတယ်။

🔸ပိုးသတ်ဆေး/ပေါင်းသတ်ဆေးများကို အချိန်နှင့်ပမာဏမှန်ကန်စွာ အသုံးမချခြင်း။

အဖျက်ပိုးအများစုမှာ ပုန်းအောင်းနေတတ်ပြီး အများစုမှာ အပင်ရောဂါလက္ခဏာတွေ့မှသာ ပိုးကျမှန်းသိရှိရသည်ဖြစ်ရာ ပိုးသတ်ဆေးများကို သူ့အချိန်အတိုင်း မဖြန်းပါက လွတ်လပ်စွာရှိနေသော မိတ်ဆွေပိုးများကိုသာ ဆေးထိမှန်စေမှာပါ။

ပမာဏမှန်ကန်စွာအသုံးမပြုခြင်းကြောင်း ဖွံ့ဖြိုးစ အဖျက်ပိုးမွှားများမှာ ဆေးဒဏ်ကိုပိုမိုခံနိုင်ရည်ရှိလာကာ ဗီဇပြောင်းပြီး ဆေးမတိုးသည်အထိဖြစ်လာကာ နောက်ပိုင်းတွေ ဆေးဖြန်းလည်း အကျိုးထူးတော့မှာ မဟုတ်ပါဘူးခင်ဗျာ။

ဒါ့အပြင် ပိုးကျမှဆေးဖြန်းနေခြင်းထက် -သီးညှပ်/သီးလှည့် နည်းစနစ်များကိုအသုံးပြုကာ စနစ်တကျစိုက်ပျိုးခြင်း၊

-ဆေးဖြန်ရာတွင် အချိန်နှင့်သုံးစွဲသည့် ပမာဏကို အချိန်ကိုက်တိကျစွာ လုပ်ဆောင်ခြင်း၊

-စိုက်ခင်းထဲ မီးရှို့ခြင်း၊ ဓာတုဆေးတစ်မျိုးတည်းချည်း အလေးထားအားကိုးမှုကို တတ်နိုင်သမျှ လျှော့ချခြင်း၊

-ပေါင်းမြက်များကို အင်တိုက်အားတိုက်ရှင်းလင်းကာ အပင်ရောဂါကူးစက်နေသော၊ ပိုးကိုက်ခြင်းခံရသော အရွက်၊ အကိုင်း၊ အသီးများအား ချွေချခြင်း၊

-ရန်သူပိုး၊ မိတ်ဆွေပိုးခွဲခြားကာ မိတ်ဆွေပိုးများအား နေစေခြင်း၊ လွှတ်ထားပေးခြင်း၊

-မြေကြီးကို အာဟာရရှိအောင်ထားကာ အပင်များအား ရေ၊ လေ သမမျှတသောမြေတွင် စိုက်ပျိုးပြီး ပင်စည်၊ အမြစ်၊ အရွက်တို့ကို တောင့်တင်းခိုင်မာစေကာ ပိုးမွှား၊ ရောဂါခံနိုင်ရည်ရှိစေခြင်း စသဖြင့်ဆောင်ရွက်နိုင်ပါတယ်။

သို့ရာတွင် အဟာရပြည့်ဝသောမြေကြီးမှာ ဓာတုဆေးများမတတ်နိုင်သည့် သဘာဝအလျောက်ဖြစ်စဥ်များစွာ၏ ထောက်ပံ့မှုဖြင့် ဖြစ်တည်လာခြင်းဖြစ်ရာ သဘာဝဖြစ်စဥ်ကိုထောက်ပံ့ပေးသည့် အဆင့်မြင့်ဇီဝဆေးများကို သိရှိထားရန်နှင့်အသုံးပြုတတ်ရန် အထူးလိုအပ်ပါတယ်။

#သဘာဝစွမ်းအားဖြင့်မြေကြီးကရွှေသီးစေရမည်

#OrganicFood#OrganicProduct#Organic#openmoregoodwill

#organic_technology

#Biological_disinfectant_solution

#Biotechnology

#Natural_foliar_spray