သဘာဝရဲ့လှို့ဝှက်ချက်များ

သဘာဝတွင်းထွက်ကျောက်တွေကနေ ဓါတုဆေးထက် စွမ်းအားမြင့်တဲ့ အပင်ရွက်ဖျန်းမြေဩဇာတွေ ထုတ်လို့ ရတယ်ဆိုတာ သင်သိပါသလား။ တစ်ချို့သော ကျောက်/မြေ တွေဟာ အပင်အာဟာရ မပါသလောက်ဖြစ်ပေမဲ့ မြေဩဇာလုပ်တဲ့နေရာမှာ အကျိုးရှိစွာအသုံးချလို့ရနေတာကောသင်သိပါသလား။

အနယ်ကျကျောက် (Sedimentary Rock) တစ်မျိုးဖြစ်တဲ့ ကျောက်မီးသွေးဟာ သဘာဝသစ်တောကြီးများ မြေအောက်မြုတ်သွားရာကနေဖြစ်လာရတာဆိုတာတော့ လူသိများပါတယ်။ ဒါကြောင့်ဒီကျောက်တွေမှာ အပင် အာဟာရ တွေ ပါနေတာ အထူးအဆန်း တော့မဟုတ်ပါဘူး။ ဒီကျောက်တွေရဲ့ဖြစ်စဉ် အစ ခဲမြေအဆင့်မှာ အပင်အာဟာရတွေ အလွယ်တကူထုတ်သုံးလို့ရပေမဲ့ သိပ်မာသွားတဲ့ ကျောက်မီးတွေတို့ စိန်တို့ အဆင့်မှာတော့ အပင် အာဟာရတွေ ထုတ်သုံးဖို့ဆိုတာ မလွယ်တော့ပါဘူး။

ဒါပေမဲ့ ဒီကျောက်ဖြစ်စဉ် အဆင့်ဆင့်မှာ အောက်ဆီဂျင်နဲ့ တွေ့နိုင်မှု မတွေ့နိုင်မှု၊ အဏုဇီဝတွေနဲ့ တွေ့နိုင်မှု မတွေ့နိုင်မှု၊ ဖိအား၊ အပူချိန်စသည်တို့ မတူကွဲပြားမှု စသည့် အမျိုးမျိုးသော အကြောင်းတွေအခြေခံပြီး ကျောက်အမျိုးမျိုးအဆင့်ဆင့်ဖြစ်ပေါ်လာပါတယ်။

ဖိလျှင် ချိုင့် သွားသော အခြေအနေ (ခဲမြေ)၊ ရေတွင်ပျော်နိုင်သော အခြေအနေ၊ လက်ဖြင့် ချေလို့ရသော အခြေအနေ မှစ၍ ထုလျှင်မကွဲနိုင်သော ကျောက်မီးသွေး၊ စိန် အထိမာကြောလာကြပါသည်။ အဲဒီအဆင့်တွေမှာ အပင်အာဟာရဓါတ် ထုတ်သုံးလို့ရတဲ့ အဆင့်တွေအများကြီးပါတာမို့ ရှာဖွေအသုံးချတတ်ရင်တော့ရွှေပါပဲ။

ဒါပြင် အဲဒီကျောက်တွေကနေ တန်ဖိုးကြီး ရွက်ဖျန်းမြေဩဇာ တစ်ခုဖြစ်တဲ့ ဟူးမစ်အက်စစ်ကို အလွယ်တကူနဲ့ အမြောက်အများထုတ်လို့ရပါတယ်။ နည်းပညာတော့ လိုတာပေါ့။ အဏုဇီဝနည်းပညာသုံးမလား၊ အယ်ကာလီနည်း ပညာသုံးမလား အဆင်ပြေတာလုပ်ပေါ့။ ရှမ်းပြည်နယ်မှာတော့ဒီကျောက်မျိုးတွေတွေ့ဖူး ပါတယ်။

သဘာဝမီးသင့်ကျောက်တွေမှာလည်း အပင်အာဟာရတွေပါလေ့ရှိပါတယ်။ မီးတောင်ဟောင်းတွေရှိတဲ့ ကျောက်ပန်းတောင်းဝန်းကျင်ဒေသနဲ့ အညာဒေသတွေမှာ ဒီကျောက်တွေရှိပါတယ်။ တူးစရာမလိုဘဲ ကောက်ယူလို့ ရလို့အဆင်ပြေပါတယ်။ အထူးသဖြင့် ပိုဇိုလမ်နဲ့ လချေးကျောက်ကထင်ရှားပါတယ်။ အမျိုးပေါင်းများစွာရှိလို့ ရှာဖွေ ဖေါ်ထုတ်အသုံးချနိုင်ရင်ကောင်းပါတယ်။ ဒါပေမဲ့ဓါတ်ခွဲစမ်းသပ်ပြီး သင့်တော်သလိုရောစပ်သုံးမှ အဆင်ပြေမှာပါ။

မီးတောင်ပြာကဖြစ်လာတဲ့ montmorillonite clay တွေဟာ အပင်အာဟာရအနေဖြင့် ပါဝင်မှု အလွန်နည်း သော်လည်း အပင်တွေက အာဟာရစုတ်ယူရာမှာ အရေးပါတဲ့ CEC ပါဝင်မှု များတာကြောင့် တစ်ကြောင်း မြေဩဇာ အလုံးလုပ်ရာမှာ သုံးလို့ရတာကြောင့် တစ်ကြောင်း မြေဩဇာလုပ်ငန်းမှာ အရေးပါလာ ပါတယ်။ ဒီလိုသဘာဝကျောက်အမျိုးမျိုး မြန်မာပြည်မှာ အများအပြားထွက်ပါတယ်။ သုံးတတ်ဖို့ဘဲ လိုတာပါ။

  • ဒီအကြောင်းတွေပါတဲ့ ဩဂဲနစ်/ သဘာဝ မြေဩဇာ ၁၄ မျိုး ပြုလုပ်သုံးစွဲပုံ စာအုပ်မကြာမှီထွက်ပါမည်။
  • ပါမောက္ခဒေါက်တာမြင့်လွင်

၁၉.၅.၂၄

#Organic

#OrganicFood

#OrganicProduct

#openmoregoodwill