ဓာတုဓာတ်မြေသြဇာများကို အဓိကအားကိုး အသုံးပြုကြသော စိုက်ခင်းများမှာ မြေဆီ မြေနှစ် ဆုံးရှုံးခမ်းခြောက်မှုနှုန်းက သာမန်ထက် သိသိသာသာပိုမြန်ပါတယ်။ ဒါ့ကြောင့် မြေဆီလွှာပြန်လည်ထိန်းသိမ်းစောင့်ရှောက်မှုကိုရရှိဖို့ဆို ဓာတုမသုံးတဲ့စိုက်ခင်းတွေထက် ဓါတုအသုံးပြုစိုက်ခင်းတွေကပိုပြီးအရေးတကြီးလိုအပ်တာကို သိထားရပါမယ်။ တောင်သူများက စိုက်ခင်းကို ဓာတုဓာတ်မြေဩဇာတစ်မျိုးတည်းကိုသာ အသုံးပြုတဲ့အပြင်ကိုမှ သီးနှံတစ်မျိုးတည်းကိုဘဲနှစ်စဥ်ဆက်တိုက် မပြောင်းမလဲစိုက်ပျိုးနေမယ်ဆိုရင် မရှည်ကြာတဲ့သက်တမ်းအတွင်းမြေဆီလွှာက မာကျော၊ ခမ်းခြောက်ပြီး စိုက်စားမရအောင်ပျက်စီးသော မြေသေအဖြစ် စွန့်ပစ်လိုက်ရတော့မှာပါ။‼️ စိုက်ပျိုးမြေဆီလွှာတွေခမ်းခြောက်ပြီး မြေသေအဖြစ်ပြောင်းလဲသွားရင် တောင်သူတို့ စျေးကြီးပေးဝယ်နေရတဲ့ ဓာတုဓာတ်မြေသြဇာတွေလည်း ကယ်နိုင်မှာမဟုတ်ပါဘူး။ ဒီ့အတွက် အစကတည်းက မြေဆီလွှာအရည်အသွေးကိုမထိခိုက်စေမဲ့ သီးလှည့်၊သီးညှပ်စနစ်နဲ့စိုက်ပျိုးဖို့ စိုက်ပျိုးရေးပညာရှင်ကြီးများက အကြံပြုထားပါတယ်။ သီးညှပ်စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာအတွင်းမှလျော့ပါးသွားသော အာဟာရဓာတ်တစ်မျိုးချင်းစီကို ပြန်လည်ဖြည့်တင်းဖို့အချိန်ရစေပြီး မြေဆီလွှာတိုက်စားခြင်း၊
ဓါတုသွင်းအားစုတွေလျော့သုံးလိုက်တာနဲ့ အပင်မသန် ၊ အသီးကျဲပြီးပိုးမွှား၊ရောဂါများရဲ့ အဖျက်စွမ်းအားကို ကြောက်နေရပြီဆိုရင်…. သင့်စိုက်ပျိုးမြေဟာ ပျက်စီးစပြုနေပြီဆိုတာ သိထားသင့်ပါပြီ။ ဓါတုသွင်းအားစုများကိုသာ စွဲမြဲစွာသုံးလာကြတဲ့ စိုက်ပျိုးသူတောင်သူအများစုဟာ ဓာတုဆေးများရဲ့ဆိုးကျိုးများကိုလက်တွေ့ကြုံတွေ့ခံစားနေရသော်လည်း ပျက်နေတဲ့မြေတွေကိုပြန်ပြီးကုစားပေးနိုင်စွမ်းတဲ့ သဘာဝဇီဝမြေသြဇာများ၊ သဘာဝစွမ်းအားမြင့် ရွက်ဖြန်းအားဆေးများရဲ့ကောင်းကျိုးတွေကိုလေ့လာသိရှိဖို့လိုအပ်သေးတာကြောင့် ဓာတုဓာတ်မြေဩဇာသွင်းအားစုများနှင့်တွဲဖက်အသုံးပြုဖို့ (သို့မဟုတ်) ပြောင်းလဲအသုံးပြုကြည့်ဖို့ တွန့်ဆုတ်နေတတ်ကြပါတယ်။ တချို့စိုက်ပျိုးတောင်သူများရဲ့ လယ်ယာမြေတွေမှာ ဓာတုတစ်မျိုးတည်းကိုသာ ဆက်တိုက်အသုံးပြုနေတာကြောင့် စျေးကြီးမြင့်လာတဲ့ ဓါတုသွင်းအားစုဖိုးများသာပိုမိုကုန်ကျပြီး သီးနှံအကွက်လိုက်သေတာမျိုးများကြုံတွေ့နေရကာ မြေပျက်မှာစိုက်ပျိုးနေရပြီး စွန့်ပစ်မြေမဖြစ်ရုံတမယ် အခြေအနေမို့ မဆုံးရှုံးမပျက်စီးသေးခင် ဓါတုသွင်းအားစုများနဲ့ သဘာဝသွင်းအားစုများကို ပေါင်းစပ်ပြီးပြောင်းလဲအသုံးပြုကို ပြုသင့်နေပါပြီ။ အပင်တွေမှာ အဖျက်ပိုးနဲ့ရောဂါမျိုးစုံကျရောက်မှုဒဏ်ကနေ ကာကွယ်နိုင်ဖို့ အပင်တွေကျန်းမာနေဖို့လိုပါတယ် အပင်တွေကျန်းမာဖို့ဆိုတာ အပင်၏အမြစ်များမှ အာဟာရစုပ်ယူနိုင်စွမ်းအားကောင်းမွန်မှုအပေါ်မူတည်တာကြောင့်