မထင်မှတ်တဲ့ တချို့လုပ်ဆောင်ချက်တွေက ပိုးကျနှုန်းမြန်ဆန်စေတာကြောင့် ကျွန်တော်တို့ အထူးဂရုစိုက် စိုက်ပျိုးပြီး ခံစားရမယ့်အသီးအပွင့်တန်ဖိုးနဲ့အမြတ်ငွေတွေကို လျော့နည်းမသွားစေဖို့ အထူးဂရုထားသင့်ပါတယ်။ သီးနှံတစ်မျိုးတည်းကို နှစ်စဥ်ဆက်တိုက်စိုက်ပျိုးခြင်း။ သီးညှပ်/သီးလှည့် စနစ်မကျင့်သုံးတဲ့ နှစ်စဥ်သီးနှံတစ်မျိုးတည်းစိုက်တဲ့ စိုက်ခင်းတွေက အဖျက်ပိုးမွှားတွေအတွက် လာရောက်စားသောက်ဖို့ အဓိကပြစ်မှတ်ဖြစ်လာပါတယ်။ သည့်အတွက်ကြောင့် တချို့တောင်သူများက အဓိကစိုက်ပျိုးတဲ့သီးနှံများကြား ပြောင်းပင်များကို စိုက်ပျိုးပြီး အဖျက်ပိုးများရဲ့ပစ်မှတ်ကိုပြောင်းလဲစေကာ ဆေးဖြန်းရာမှာလည်း ကြားညှပ်စိုက်ပျိုးထားတဲ့ ပြောင်းပင်ကို အဓိကဖြန်းပက်ပြီး ပိုးသတ်ပါတယ်။ အပင်အကြွင်းအကျန်များအား စနစ်တကျ မရှင်းလင်းထားခြင်း။ အပင်အကြွင်းအကျန်များမှာ မြေဆီလွှာအတွက် အာဟာရဖြစ်သည်ဆိုသော်ငြား နောက်တစ်သီးမစိုက်ခင် ထယ်ထိုး၊ မြေပြင်ခြင်းမရှိပါက စုပုံထားသည့် ယခင်အပင်အကျွင်းအကျန်များတွင် ခိုအောင်းနေသည့် အဖျက်ပိုးများကို စိုက်ခင်းတစ်ခုလုံး
ဒေါက်တာဟီဂါဟာ အီးအမ် နည်းပညာကို အနှစ် ၂၀ ကြာ သုတေသန ပြုစမ်းသပ် ထုတ်လုပ်ခဲ့ ပြီး ၁၉၈၀ လောက်မှ ကမ္ဘာသို့ချပြခဲ့ပြီးအီးအမ်ဆိုတဲ့အမည်ကို ကမ္ဘာသိ မှတ်ပုံတင်ခဲ့ပါတယ်။အဲဒီအချိန်တုံးကသိပ္ပံပညာရှင် အများစုဟာ မဖြစ်နိုင်သော နည်းပညာအဖြစ်သတ်မှတ်ပြီးလက်မခံကြပါဘူး။(အီးအမ်ဆိုသည်မှာ ဓါတ်ခွဲခန်း တွင် မှလုပ်၍ရသောဂျပန်အီးအမ် အစစ်ကို ဆိုလိုပါသည်။ ကွင်းထဲတွင် တောင်သူ အဆင့်လုပ်၍ ရသော လက်ဖြစ် အီးအမ်များကို မဆိုလိုပါ။) နောက်နှစ် ၂၀ ကြာ ၂၀၀၀ ပြည့်နှစ်လောက်မှ အများစု လက်ခံလာကြပါတယ်။ လက်မခံနိုင်တဲ့အဓိက အချက်ကတော့ အီးအမ် ကို Mix-culture Technology