မထင်မှတ်တဲ့ တချို့လုပ်ဆောင်ချက်တွေက ပိုးကျနှုန်းမြန်ဆန်စေတာကြောင့် ကျွန်တော်တို့ အထူးဂရုစိုက် စိုက်ပျိုးသင့်နေပါပြီ။

မထင်မှတ်တဲ့ တချို့လုပ်ဆောင်ချက်တွေက ပိုးကျနှုန်းမြန်ဆန်စေတာကြောင့် ကျွန်တော်တို့ အထူးဂရုစိုက် စိုက်ပျိုးပြီး ခံစားရမယ့်အသီးအပွင့်တန်ဖိုးနဲ့အမြတ်ငွေတွေကို လျော့နည်းမသွားစေဖို့ အထူးဂရုထားသင့်ပါတယ်။ သီးနှံတစ်မျိုးတည်းကို နှစ်စဥ်ဆက်တိုက်စိုက်ပျိုးခြင်း။ သီးညှပ်/သီးလှည့် စနစ်မကျင့်သုံးတဲ့ နှစ်စဥ်သီးနှံတစ်မျိုးတည်းစိုက်တဲ့ စိုက်ခင်းတွေက အဖျက်ပိုးမွှားတွေအတွက် လာရောက်စားသောက်ဖို့ အဓိကပြစ်မှတ်ဖြစ်လာပါတယ်။ သည့်အတွက်ကြောင့် တချို့တောင်သူများက အဓိကစိုက်ပျိုးတဲ့သီးနှံများကြား ပြောင်းပင်များကို စိုက်ပျိုးပြီး အဖျက်ပိုးများရဲ့ပစ်မှတ်ကိုပြောင်းလဲစေကာ ဆေးဖြန်းရာမှာလည်း ကြားညှပ်စိုက်ပျိုးထားတဲ့ ပြောင်းပင်ကို အဓိကဖြန်းပက်ပြီး ပိုးသတ်ပါတယ်။ အပင်အကြွင်းအကျန်များအား စနစ်တကျ မရှင်းလင်းထားခြင်း။ အပင်အကြွင်းအကျန်များမှာ မြေဆီလွှာအတွက် အာဟာရဖြစ်သည်ဆိုသော်ငြား နောက်တစ်သီးမစိုက်ခင် ထယ်ထိုး၊ မြေပြင်ခြင်းမရှိပါက စုပုံထားသည့် ယခင်အပင်အကျွင်းအကျန်များတွင် ခိုအောင်းနေသည့် အဖျက်ပိုးများကို စိုက်ခင်းတစ်ခုလုံး

Read More »

ဒေါက်တာဟီဂါ ရဲ့ ဂျပန်အီးအမ် အစစ် ကိုသိပ္ပံပညာရှင် တွေ ဘာလို့အနှစ် ၂၀ လောက်ထိ လက်မခံနိုင်ရတာလဲ။

ဒေါက်တာဟီဂါဟာ အီးအမ် နည်းပညာကို အနှစ် ၂၀ ကြာ သုတေသန ပြုစမ်းသပ် ထုတ်လုပ်ခဲ့ ပြီး ၁၉၈၀ လောက်မှ ကမ္ဘာသို့ချပြခဲ့ပြီးအီးအမ်ဆိုတဲ့အမည်ကို ကမ္ဘာသိ မှတ်ပုံတင်ခဲ့ပါတယ်။အဲဒီအချိန်တုံးကသိပ္ပံပညာရှင် အများစုဟာ မဖြစ်နိုင်သော နည်းပညာအဖြစ်သတ်မှတ်ပြီးလက်မခံကြပါဘူး။(အီးအမ်ဆိုသည်မှာ ဓါတ်ခွဲခန်း တွင် မှလုပ်၍ရသောဂျပန်အီးအမ် အစစ်ကို ဆိုလိုပါသည်။ ကွင်းထဲတွင် တောင်သူ အဆင့်လုပ်၍ ရသော လက်ဖြစ် အီးအမ်များကို မဆိုလိုပါ။) နောက်နှစ် ၂၀ ကြာ ၂၀၀၀ ပြည့်နှစ်လောက်မှ အများစု လက်ခံလာကြပါတယ်။ လက်မခံနိုင်တဲ့အဓိက အချက်ကတော့ အီးအမ် ကို Mix-culture Technology

Read More »

သီးညှပ်စိုက်ပျိုးရေးစနစ်

ဓာတုဓာတ်မြေသြဇာများကို အဓိကအားကိုး အသုံးပြုကြသော စိုက်ခင်းများမှာ မြေဆီ မြေနှစ် ဆုံးရှုံးခမ်းခြောက်မှုနှုန်းက သာမန်ထက် သိသိသာသာပိုမြန်ပါတယ်။ ဒါ့ကြောင့် ​မြေဆီလွှာပြန်လည်ထိန်းသိမ်းစောင့်ရှောက်မှုကိုရရှိဖို့ဆို ဓာတုမသုံးတဲ့စိုက်ခင်းတွေထက် ဓါတုအသုံးပြုစိုက်ခင်းတွေကပိုပြီးအရေးတကြီးလိုအပ်တာကို သိထားရပါမယ်။ တောင်သူများက စိုက်ခင်းကို ဓာတုဓာတ်မြေဩဇာတစ်မျိုးတည်းကိုသာ အသုံးပြုတဲ့အပြင်ကိုမှ သီးနှံတစ်မျိုးတည်းကိုဘဲနှစ်စဥ်ဆက်တိုက် မပြောင်းမလဲစိုက်ပျိုးနေမယ်ဆိုရင် မရှည်ကြာတဲ့သက်တမ်းအတွင်းမြေဆီလွှာက မာကျော၊ ခမ်းခြောက်ပြီး စိုက်စားမရအောင်ပျက်စီးသော မြေသေအဖြစ် စွန့်ပစ်လိုက်ရတော့မှာပါ။‼️ စိုက်ပျိုးမြေဆီလွှာတွေခမ်းခြောက်ပြီး မြေသေအဖြစ်ပြောင်းလဲသွားရင် တောင်သူတို့ စျေးကြီးပေးဝယ်နေရတဲ့ ဓာတုဓာတ်မြေသြဇာတွေလည်း ကယ်နိုင်မှာမဟုတ်ပါဘူး။ ဒီ့အတွက် အစကတည်းက မြေဆီလွှာအရည်အသွေးကိုမထိခိုက်စေမဲ့ သီးလှည့်၊သီးညှပ်စနစ်နဲ့စိုက်ပျိုးဖို့ စိုက်ပျိုးရေးပညာရှင်ကြီးများက အကြံပြုထားပါတယ်။ သီးညှပ်စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာအတွင်းမှလျော့ပါးသွားသော အာဟာရဓာတ်တစ်မျိုးချင်းစီကို ပြန်လည်ဖြည့်တင်းဖို့အချိန်ရစေပြီး မြေဆီလွှာတိုက်စားခြင်း၊

Read More »

ဓါတုဓာတ်မြေဩဇာ၊ဓါတုသွင်းအားစုများကို ကိုယ့်စိုက်ခင်းမှာ တိုးသုံးပြီးရင်း တိုးသုံးနေရပြီလား။

ဓါတုသွင်းအားစုတွေလျော့သုံးလိုက်တာနဲ့ အပင်မသန် ၊ အသီးကျဲပြီးပိုးမွှား၊ရောဂါများရဲ့ အဖျက်စွမ်းအားကို ကြောက်နေရပြီဆိုရင်…. သင့်စိုက်ပျိုးမြေဟာ ပျက်စီးစပြုနေပြီဆိုတာ သိထားသင့်ပါပြီ။ ဓါတုသွင်းအားစုများကိုသာ စွဲမြဲစွာသုံးလာကြတဲ့ စိုက်ပျိုးသူတောင်သူအများစုဟာ ဓာတုဆေးများရဲ့ဆိုးကျိုးများကိုလက်တွေ့ကြုံတွေ့ခံစားနေရသော်လည်း ပျက်နေတဲ့မြေတွေကိုပြန်ပြီးကုစားပေးနိုင်စွမ်းတဲ့ သဘာဝဇီဝမြေသြဇာများ၊ သဘာဝစွမ်းအားမြင့် ရွက်ဖြန်းအားဆေးများရဲ့ကောင်းကျိုးတွေကိုလေ့လာသိရှိဖို့လိုအပ်သေးတာကြောင့် ဓာတုဓာတ်မြေဩဇာသွင်းအားစုများနှင့်တွဲဖက်အသုံးပြုဖို့ (သို့မဟုတ်) ပြောင်းလဲအသုံးပြုကြည့်ဖို့ တွန့်ဆုတ်နေတတ်ကြပါတယ်။ တချို့စိုက်ပျိုးတောင်သူများရဲ့ လယ်ယာမြေတွေမှာ ဓာတုတစ်မျိုးတည်းကိုသာ ဆက်တိုက်အသုံးပြုနေတာကြောင့် စျေးကြီးမြင့်လာတဲ့ ဓါတုသွင်းအားစုဖိုးများသာပိုမိုကုန်ကျပြီး သီးနှံအကွက်လိုက်သေတာမျိုးများကြုံတွေ့နေရကာ မြေပျက်မှာစိုက်ပျိုးနေရပြီး စွန့်ပစ်မြေမဖြစ်ရုံတမယ် အခြေအနေမို့ မဆုံးရှုံးမပျက်စီးသေးခင် ဓါတုသွင်းအားစုများနဲ့ သဘာဝသွင်းအားစုများကို ပေါင်းစပ်ပြီးပြောင်းလဲအသုံးပြုကို ပြုသင့်နေပါပြီ။  အပင်တွေမှာ အဖျက်ပိုးနဲ့ရောဂါမျိုးစုံကျရောက်မှုဒဏ်ကနေ ကာကွယ်နိုင်ဖို့ အပင်တွေကျန်းမာနေဖို့လိုပါတယ် အပင်တွေကျန်းမာဖို့ဆိုတာ အပင်၏အမြစ်များမှ အာဟာရစုပ်ယူနိုင်စွမ်းအားကောင်းမွန်မှုအပေါ်မူတည်တာကြောင့်

Read More »

ဖော်မလင်နှင့် မှတ်ဉာဏ်

ဖော်မယ်လ်ဒီဟိုက်ဓာတ်ကို ကြာရှည်စွာထိတွေ့မိရင် ခေါင်းကိုက် ၊ မူးဝေ၊ အော့အန်စေပြီး လူကိုပင်ပန်းနွမ်းနယ်စေသလို ဦးနှောက်၏အချက်အလက်မှတ်သားနိုင်စွမ်းကို ကျဆင်းစေခြင်းဖြင့်

Read More »

သြဂဲနစ်၏ တန်ဖိုးနှင့်အနှစ်သာရ

မြန်မာနိုင်ငံမှ လူအများစုက ဓါတုသွင်းအားစုသုံးပြီးစိုက်ပျိုးတဲ့ မိရိုးဖလာစိုက်ပျိုးနည်းများနဲ့စိုက်ပျိုးထွက်ရှိလာတဲ့သီးနှံများကိုသာ စားသုံးနေကြရတာဖြစ်ပြီး ဓါတုသုံးသီးနှံများနဲ့သာ ရင်းနှီးထိတွေ့နေရတာကြောင့်

Read More »

Recent Posts