Organic အသီးအနှံများရဲ့ ကျန်းမာရေးကောင်းကျိုးများ

အော်ဂဲနစ် သစ်သီးဝလံတွေ စားသုံးတဲ့အခါ ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်လဲ?

ပိုးသတ်ဆေးနဲ့ ထိတွေ့မှုကို လျှော့ချပေးတယ်။ အော်ဂဲနစ် အသီးအနှံတွေကို ဓာတုပိုးသတ်ဆေး အသုံးမပြုဘဲ စိုက်ပျိုးထားတာဖြစ်လို့ စားသုံးသူတွေအတွက် ပိုးသတ်ဆေးနဲ့ ထိတွေ့မှုဆိုင်ရာ အန္တရာယ်တွေဖြစ်တဲ့ ဖွံ့ဖြိုးမှုနှောင့်နှေးခြင်း၊ အာရုံကြောဆိုင်ရာ ပြဿနာများနဲ့ အချို့သော ကင်ဆာအမျိုးအစားဖြစ်နိုင်ခြေတွေကိုပါ လျှော့ချပေးပါတယ်။

အာဟာရဓာတ်ပါဝင်မှု မြင့်မားတယ်။

လေ့လာတွေ့ရှိချက်တွေအရ အော်ဂဲနစ်သစ်သီးတွေဟာ သမရိုးကျ စိုက်ပျိုးထားတဲ့ အသီးအနှံတွေနဲ့ နှိုင်းယှဉ်မယ်ဆို အာဟာရဓာတ်ပိုမိုပါဝင်တယ်လို့ ဆိုပါတယ်။ ဒီအာဟာရဓာတ်တွေမှာ ဗီတာမင်စီ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ သတ္တုဓာတ်အချို့ ပါဝင်တာကြောင့် အော်ဂဲနစ်အသီးအနှံများ စားသုံးခြင်းက သင့်အာဟာရစားသုံးမှုကို မြှင့်တင်နိုင်ပြီး ကျန်းမာစေပါတယ်။

အရသာပိုင်းမှာ ပိုလတ်ဆတ်ပြီး ပိုကောင်းတယ်။

အော်ဂဲနစ်အသီးအနှံတွေက သမရိုးကျစိုက်ပျိုးထားတဲ့ အသီးအနှံတွေနဲ့ နှိုင်းယှဉ်ရင် အရသာပိုကောင်းတယ်လို့လည်း ဆိုကြပါတယ်၊ အော်ဂဲနစ်သစ်သီးတွေကို ရိုးရာနဲ့သဘာဝနည်းတွေနဲ့ စိုက်ပျိုးကြတာကြောင့် သဘာဝအရသာကို မြှင့်တင်ပေးနိုင်လို့ပဲဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင်နဲ့ သင့်တော်တယ်။

အော်ဂဲနစ်အသီးအနှံများ ထုတ်လုပ်မှုဟာ မြေဆီလွှာကျန်းမာရေး၊ ရေအရည်အသွေးနဲ့ ဂေဟစနစ်တစ်ခုလုံးကို ဟန်ချက်ညီစေဖို့ ကူညီပေးပါတယ်၊ ဒါကြောင့် အော်ဂဲနစ်သစ်သီးတွေကို ရွေးချယ်စားသုံးခြင်းက သဘာဝပတ်ဝန်းကျင်အတွက် ပိုမိုကောင်းမွန်ပြီး ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးအလေ့အကျင့်တွေကို ပံ့ပိုးပေးရာ ရောက်စေပါတယ်။

မျိုးရိုးဗီဇပြုပြင်ထားခြင်း မရှိဘူး (No GMOs)

အော်ဂဲနစ်သစ်သီးတွေဟာ မျိုးဗီဇပြုပြင်မွမ်းမံထားခြင်းမရှိပါဘူး။၊ ဒါကြောင့် မျိုးဗီဇပြုပြင်ထားတဲ့ သစ်သီးဝလံတွေရဲ့ဘေးထွက်ဆိုးကျိုးအမျိုးမျိုးကို အော်ဂဲနစ်သစ်သီးစားသုံးသူတွေက ခံစားရမှာမဟုတ်ပါဘူးရှင်။

တောင်သူလယ်သမားတွေအတွက် ပံ့ပိုးကူညီရာရောက်တယ်။

အော်ဂဲနစ်စိုက်ပျိုးရေးကို အထူးသဖြင့် တောင်ယာနဲ့ လယ်ယာလုပ်ငန်းလုပ်ကိုင်သူတွေက ကျင့်သုံးကြပါတယ်၊ ဒီအချက်ကြောင့် အော်ဂဲနစ်သစ်သီးဝလံတွေကို ရွေးချယ်စားသုံးခြင်းက တောင်ယာလုပ်ကိုင်သူတွေကို ကူညီရာရောက်ပြီး ဒေသတွင်းစီးပွားရေးကိုလည်း ဖွံ့ဖြိုးတိုးတက်စေပါတယ်ရှင်။