Pyin Oo Lwin Trip

31st January 2024 မှာ မန္တလေးတိုင်း ဩဂဲနစ်အစုအဖွဲ့နဲ့ လက်တွဲဆောင်ရွက်ကြရန် MOU Agreements များကို လက်မှတ်ရေးထိုးခြင်း

31st January 2024 မှာ မန္တလေးတိုင်း ဩဂဲနစ်အစုအဖွဲ့နဲ့ လက်တွဲဆောင်ရွက်ကြရန် MOU Agreements များကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။

ကျွန်တော်တို့ရဲ့ Chief Agri-consultant Dr. Myint Lwin အပါအဝင် MD တို့မှ Organic.com.mm အကြောင်းနဲ့ Automatic Watering System အကြောင်းပါ တပါတည်း မိတ်ဆက်ခဲ့ကြပါတယ်။

တက်ရောက်လာကြသူ ခြံရှင်များနဲ့တစ်ကွ သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြသော လူကြီးမင်းများအားလုံးကို ကျေးဇူးတင်ပါတယ်။

လက်ရှိလုပ်ငန်းစဉ်အနေနဲ့ကတော့ ခြံရှင်တစ်ဦးခြင်းနဲ့ ကျွန်တော်တို့ဘက်မှ တာဝန်ရှိသူများ Viber group chat တရားဝင်ပြုလုပ်ထားပြီး ခြံတွင်း စိုက်ပျိုးနေမှုအခြေအနေများကိုပါ စဉ်ဆက်မပြတ် သတင်းရယူမှုတွေ ပြုလုပ်ဆောင်ရွက်နေကြပါတယ်။

မကြာတော့သော ကာလမှာ စိန်တလုံး သရက်သီးများ၊ နဂါးမောက်သီးများကို ဩဂဲနစ်စစ်စစ် အာဟာရပြည့်ပြည့်နဲ့ စားသုံးနိုင်ကြအောင် ရောင်းချပေးဖို့ ကျွန်တော်တို့ စီစဉ်နေကြပါပြီ ခင်ဗျာ။

#openmoregoodwill

#OpenMoreOnline

#organic