ဩဂဲနစ်စိုက်ပျိုးရေးကို စိတ်ဝင်စားသူ၊ လုပ်ဆောင်မည့်သူတိုင်း လက်စွဲထားရမည့် နည်းပညာစာပေးများ

ဓါတုမြေဩဇာ၊ ပိုးသက်ဆေးတွေသုံးပြီး သီးနှံထွက်အောင်စိုက်တာ တောင်သူတိုင်း လုပ်တတ်ပါတယ်။ ဓါတုမြေဩဇာ၊ပိုးသတ်ဆေးတွေ မသုံးပဲ/အနည်းငယ်သာ သုံးပြီး သီးနှံအောင်မြင် ဖြစ်ထွန်းအောင် စိုက်ဖို့ဆိုရင်တော့ အဆင့်မြင့် ဩဂဲနစ်စိုက်ပျိုးရေးနည်းပညာများကိုသိနေဖို့လိုပါတယ်။

ပြီးတော့ ယနေ့ ခေါတ်စားနေတဲ့ ဇီဝနည်းပညာ၊ ခိုင်တိုစန်နည်းပညာ၊ နာနိုနည်းပညာများနှင့် ဩဂဲနစ်နည်းပညာတွေ ဘယ်လိုပက်သက် နေသလဲ ဆိုတာတွေနဲ့ ဩဂဲနစ်စိုက်ပျိုးရေးနည်းပညာများကို သိရှိလေ့လာနိုင်ဖို့အတွက်

ဆရာ ပါမောက္ခဒေါက်တာမြင့်လွင် ရေးသားထားသော ဩဂဲနစ် တောင်သူလက်စွဲ စာအုပ်မှာ ပြည့်စုံစွာလေ့လာခွင့်ရပါမယ်။
တန်ဖိုး – ၆၀၀၀ ကျပ်

  • ယနေ့ခေါတ်စားနေတဲ့ ဇီဝနည်းပညာအကြောင်း
  • အန္တရာယ်ကင်းသော သီးနှံများကို ကုန်ကျစရိတ်နည်းနည်းဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်သောနည်းပညာအကြောင်း
  • ပဌိဇီဝဆေးများမသုံးပဲ မွေးမြူရေးလုပ်ကိုင်နိုင်ပုံအကြောင်းတွေ
  • ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ အနံ့ဆိုးထွက်မှု များကို ဓါတုဆေးသုံးစရာမလိုပဲ လျှင်မြန်စွာသန့်စင်နိုင်တဲ့ အဆင့်မြင့်နည်းပညာဖြစ်တဲ့ Japan EM အစစ်ရဲ့နည်းပညာအကြောင်းတွေ

ဒါ့အပြင် အနံ့ဆိုးများကို မိနစ်ပိုင်းအတွင်း လျှင်မြန်စွာပျောက်စေနိုင်သည်အထိအစွမ်းထက်တဲ့ အီးအမ်အစစ် (ဂျပန်အီးအမ်) ကို Mix-Culture Technology ကို နားလည်တတ်ကျွမ်းသော အဆင့်မြင့်ပညာရှင်များမှ ပိုးသန့်ထားသော အဆင့်မြင့်ဇီဝဓာတ်ခွဲခန်းများ ပါသည့် စက်ရုံတွင်သာထုတ်လုပ် နိုင်ကြောင်း၊ ပိုးသန့်ထားခြင်းမရှိသော အခန်းထဲတွင် လက်ဖြင့် ပြုလုပ်နေသည့်လက်ဖြစ် EM ဟုခေါ်နေကြသည့် IMO များနှင့် စနစ်တကျဓာတ်ခွဲခန်းတွင်ပေါင်းစပ်ထုတ်လုပ်ထားသော Japan EM အစစ်တို့ရဲ့ကွားခြားပုံများကို…

ဆရာ ပါမောက္ခဒေါက်တာမြင့်လွင်ရေးသားထားသော အကျိုးပြု အဏုဇီဝ (အီးအမ်) နည်းပညာ စာအုပ်မှာပြည့်စုံစွာလေ့လာခွင့်ရပါမယ်။
တန်ဖိုး – ၂၅၀၀ ကျပ်

ရိုးရိုးမြေဆွေးကို သာမန်အားဖြင့် လူတိုင်းလုပ်နိုင်သည်ဟုဆိုနေကျသော်လည်း အရည်အသွေးကောင်းသော မြေဆွေးများပြုလုပ်သုံးစွဲတတ်ရန်မှာ နည်းပညာ၊ဗဟုသုတနှင့် အတွေ့အကြုံကောင်းများလိုပါသည်။
ယခုအခါ အဆင့်မြင့် သိပ္ပံနည်းပညာဖြင့် ခေါတ်မှီ စက်ကရိယာများအသုံးပြုပြီး အရည်အသွေးကောင်းသောမြေဆွေးကို ထုတ်လုပ်သုံးစွဲနေကြပြီဖြစ်ပါသည်။
အရည်အသွေးကောင်းသော မြေဆွေးသည် တောင်သူတစ်ယောက်၏ဘဝ ကို ကယ်တင်နိုင်သည် အထိ မရှိမဖြစ်အရေးပါသည့် စိုက်ပျိုးရေးသွင်းအားစုဖြစ်တာကိုသိရှိနားလည်ထားရန်လိုအပ်ပါသည်။
စိုက်ပျိုးရေးလုပ်ကိုင်နေတဲ့ တောင်သူတွေအနေနဲ့ ဒီလိုအလွန်အရေးပါတဲ့ စိုက်ပျိုးရေးသဘာဝသွင်းအားစုဖြစ်တဲ့ အရည်အသွေးကောင်းမွန်တဲ့ မြေဆွေးတွေကို ကိုယ်တိုင်ပြုလုပ်သုံးစွဲနိုင်မယ်ဆိုရင် အလွန်အကျိုးများစေမှာပါ ဒီလိုပြုလုပ်သုံးစွဲနိုင်ဖို့ကို ဆရာကနေစေတနာများစွားနဲ့ရေးသားထုတ်ဝေပေးထားပါပြီ။

ဆရာ ပါမောက္ခဒေါက်တာမြင့်လွင်ရေးသားထားသော
အရည်အသွေးကောင်းသော မြေဆွေးများ ပြုလုပ်သုံးစွဲခြင်းနည်းပညာစာအုပ်မှာ
တောင်သူအဆင့် ပြုလုပ်သုံးစွဲနိုင်မည့် နည်းပညာများအပြင် ဇီဝနည်းပညာအသုံးပြုပြီးအဆင့်မြင့်စက်ရုံကြီးဖြင့် သိပ္ပံနည်းကျ ထုတ်လုပ်နည်းများကိုပါ အလွန်အကျိုးများစွာ လေ့လာခွင့်ရမှာပဲဖြစ်ပါတယ်။
တန်ဖိုး – ၅၀၀၀ ကျပ်

ဆရာ ပါမောက္ခဒေါက်တာမြင့်လွင် ရေးသားထားသော အထက်ပါ စာအုပ်သုံးအုပ်လုံးကို ကျွန်တော်တို့ Organic.com.mm မှာ မှာယူရရှိနိုင်ပါပြီခင်ဗျာ။

095141281, 09785141281 ကိုဆက်သွယ်ပြီးဝယ်ယူနိုင်သလို ကနေမှာယူနိုင်ပါတယ်ခင်ဗျာ။

Deli ခကတော့ ဝယ်ယူတဲ့မြို့နဲ့နေရာဒေသအလိုက်ကျသင့်မှာဖြစ်ပါတယ်။