မြန်မာ့ပထမဆုံး online organic platform ဆိုတာဘာလဲ

ကျွန်တော်တို့ Organic.com.mm ဟာ သြဂဲနစ်အစစ်အမှန် Organic Food များကိုရောင်းချပေးသွားမည့် မြန်မာနိုင်ငံ၏ပထမဦးဆုံးသော platform တစ်ခုဖြစ်ပါတယ်။

ဒီ platform ဟာ မြန်မာနိုင်ငံတွင်း သြဂဲနစ်အစစ်အမှန်ကိုမှ တန်ဖိုးထားစိုက်ပျိုးသူ များနှင့် သြဂဲနစ်အစစ်မှန်ကိုစားသုံးလိုသူများကြားချိတ်ဆက်ပေးမည့် platform တစ်ခုဖြစ်ပြီး MFVP Certified Organic Farms များစု​ပေါင်းရောင်းချတဲ့ စားသုံးသူများထံတိုက်ရိုက်ပို့ဆောင်ပေးနိုင်သော ပထမဆုံး platform ဖြစ်ပါတယ်။

ကျွန်တော်တို့ Organic.com.mm ဟာ သြဂဲနစ် အမည်ခံ မဟုတ်ဘဲ MFVP အသင်းကြီး ဩဂဲနစ်ရေးရာကော်မတီ၏ စံချိန်စံနှုန်းများဖြင့် အရည်အသွေးပြည့်မီကြောင်းအာမခံချက်များရရှိထားသော သြဂဲနစ်အစစ်အမှန်စိုက်ပျိုးသူများနှင့်သာပူးပေါင်းထားပြီး စားသုံးသူများထံ စိုက်ခင်းထဲမှလတ်ဆတ်မှုအတိုင်း အပူချိန်ထိန်း အအေးခန်းကားများ၊ premium packaging များဖြင့် စနစ်တကျ ပို့ဆောင်ပေးသွားမည့်အပြင် မြန်မာတစ်နိုင်ငံလုံး သြဂဲနစ်အစစ်အမှန်များစားသုံးနိုင်ရန် သက်သာလှစွာသော စျေးနှုန်းဖြင့် premium qualityကို ပေးပို့မည့် ပထမဦးဆုံးသော သြဂဲနစ်ရပ်၀န်းတစ်ခုပဲဖြစ်ပါတယ်။

ကျန်းမာရေးအတွက်ဆေးအဖြစ် အသီးအနှံစားသုံးကာမှ ဓါတုအဆိပ်အတောက်များအများစုပါဝင်နေသောအသီးအနှံ အစားအစာများကြောင့် ဆေးအဖြစ်စားပြီးဘေးဖြစ်နေရသည့် စားသုံးသူ မြန်မာနိုင်ငံသူနိုင်ငံသား မိဘမိတ်ဆွေများအတွက် ရာနှုန်းပြည့်လတ်ဆတ်သော ၊ အရည်အသွေးပြည့်မီစစ်မှန်သော၊ ကျန်းမာရေးအတွက်ဆေးအဖြစ် စားသုံးနိုင်မည့်အစားအစာသီးနှံများဖြစ်တာကြောင့် နိုင်ငံလုံးဆိုင်ရာ ကျန်းမာရေးကဏ္ဍ မြှင့်တင်နိုင်ရေးအတွက် တစ်ထောင့်တစ်နေရာကပါဝင်နိုင်ဖို့အထူးအလေးထားကာ ဖြန့်ဖြူးရောင်းချပို့ဆောင်ပေးသွားတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ။

ဒါ့အပြင် နေ့စဉ်စားသုံးနေသည့်အသီးအနှံများကြောင့် ဘေးထွက်ဆိုးကျိုးများမဖြစ်ရအောင် ရွေးချယ်စားသုံးဖို့ မိဘပြည်သူများထံအသိပေးဝေရင်း အခြေခံလူတန်းစားအထိ ဩဂဲနစ်သီးနှံအစစ်အမှန်များကို ဖြန့်​ဝေပေးမည့် organic platform ကြီးအဖြစ် အရှိန်အဟုန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်းတင်ပြရင်း တိုးတက်ကောင်းမွန်သောစားသောက်နေထိုင်မှုစနစ်တစ်ခု မြန်မာနိုင်ငံတွင်ဖြန့်ကျက်ရန်ဆန္ဒရှိသူတိုင်း စောင့်ကြည့်အားပေးနိုင်ပြီဖြစ်ကြောင်းသတင်းကောင်းပါးလိုက်ရပါတယ်ခင်ဗျာ။

#𝐨𝐩𝐞𝐧𝐦𝐨𝐫𝐞𝐠𝐨𝐨𝐝𝐰𝐢𝐥𝐥

#𝐨𝐫𝐠𝐚𝐧𝐢𝐜𝐩𝐫𝐨𝐝𝐮𝐜𝐭𝐬

#𝐨𝐫𝐠𝐚𝐧𝐢𝐜𝐟𝐨𝐨𝐝