သြဂဲနစ်၏ တန်ဖိုးနှင့်အနှစ်သာရ

မြန်မာနိုင်ငံမှ လူအများစုက ဓါတုသွင်းအားစုသုံးပြီးစိုက်ပျိုးတဲ့ မိရိုးဖလာစိုက်ပျိုးနည်းများနဲ့စိုက်ပျိုးထွက်ရှိလာတဲ့သီးနှံများကိုသာ စားသုံးနေကြရတာဖြစ်ပြီး ဓါတုသုံးသီးနှံများနဲ့သာ ရင်းနှီးထိတွေ့နေရတာကြောင့် သြဂဲနစ်နည်းစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သည့်သီးနှံများက မိရိုးဖလာနည်းနဲ့စိုက်ပြီးရလာတဲ့သီးနှံများထက် တန်ဖိုးကြီးမြင့်မှုကို သိပ်သဘောမတွေ့တတ်ကြပါဘူး။

အဆင့်မြင့်စိုက်ပျိုးနည်းဖြစ်တဲ့ ဩဂဲနစ်စိုက်ပျိုးရေးဆိုတာ စိုက်ပျိုးထုတ်လုပ်နေစဥ်အတွင်း သဘာဝပတ်ဝန်းကျင်ကိုဂရုပြုအလေးထားပြီး စိုက်ပျိုးတဲ့ပတ်ဝန်းကျင်မှာ သန့်စင်တဲ့မြေ၊ရေ၊လေကို ထိန်းသိမ်းစောင့်ရှောက်ကာ သဘာဝသွင်းအားစုများကိုသာ အကျိုးပြုအနုဇီဝများရဲ့အကူညီနဲ့ စိုက်ပျိုးတဲ့အပင်တွေကို ကျွေးမွေးပြုစုထားတာကြောင့် စားသုံးသူများအတွက် ကျန်းမာဘေးကင်းပြီး ဓါတုသုံးမိရိုးဖလာသီးနှံများထက် ပါဝင်ရမည့်အာဟာရများအပြည့်အဝပါသလို အရသာမှာလည်းပိုမိုထူးခြားကောင်းမွန်တာကို ဩဂဲနစ်သီးနှံစားဖူးသူတိုင်းသိရှိကြပါတယ်။

သို့ပေမဲ့ သြဂဲနစ်သီးနှံများကို စိုက်ပျိုးထုတ်လုပ်ရခြင်းက စိုက်ပျိုးစရိတ်များစွာ ကုန်ကျသလို-

စိုက်ပျိုးရန်သင့်တော်ပြည့်စုံသည့် မြေရွေးချယ်ပြီး စိုက်ပျိုးရန်စီမံခန့်ခွဲမှုနှင့်

မြေဆီလွှာအရည်အသွေးနှင့် အသုံးပြုမည့်ရေ စစ်ဆေးမှု တို့ကို ဦးစွာပြုလူပ်ရပြီး၊

သဘာဝသွင်းအားစုများဖြင့် စနစ်တကျထုတ်လုပ်ထားသော ဇီဝမြေသြဇာများ၊ စွမ်းအားမြင့် သဘာဝရွက်ဖြန်းဆေးများကိုသာ အသုံးပြုကာ၊

အပင်စိုက်ပျိုးရန် အသုံးပြုသည့်ရေကအစ လူ့ကျန်းမာရေးအတွက် အန္တရာယ်ကင်းသန့်ရှင်း နေစေရပါတယ်။

ခြံရှိတာဝန်ခံနှင့်လုပ်သားများရဲ့ လူမှု့ဘဝအဆင်ပြေချော့မွေ့လုံခြုံ အဆင်ပြေစေဖို့ကိုလည်းအလေးထား ပြီး ကြိုတင်စီမံဆောင်ရွက်ထားရပါတယ်။

ယခုလို စနစ်မှန်၊နည်းလမ်းမှန် ရွေးချယ်စိုက်ပျိုးနိုင်ရုံနှင့် မပြီးသေးဘဲ –

အပင်ကြီးထွားနေစဥ်မှ သီးပွင့်လာချိန်အတွင်း ပိုး၊ရောဂါများမကျစေရန်၊

သီးနှံအရည်အသွေးကောင်းဖို့ အိတ်စွပ်ချိန်နှင့် ခူးဆွတ်ချိန်နောက်မကျစေရန်၊

ပိုး၊ရောဂါ ကြောင့်ထိခိုက်ပျက်စီးမှုများရှိလာလျှင် တခြားအသီးများမကူးစက်စေဖို့ အချိန်မှီဖယ်ရှားရန်၊

ကိုယ့်ရဲ့သားသမီးလေးများကဲ့သို့ အရိပ်တကြည့်ကြည့်ဖြင့် လုပ်သားအင်အား၊ ငွေအင်အားသုံးကာ၊ ဩဂဲနစ်စိုက်ပျိုးသူများရဲ့ တူညီတဲ့ခံယူချက်အတိုင်းဘေးကင်းတဲ့သီးနှံတွေ စားသုံးရစေရေးကို ဇွဲ၊လုံ့လကြီးမားစွာဖြင့်ကြိုးစားစိုက်ပျိုးရသည်ကိုတော့ လူတိုင်းမသိနိုင်ကြပါဘူး။

ဒါ့ကြောင့်ပဲ လူတိုင်းကျန်းမာရေးအာမခံချက်အတွက် ရွေးချယ်စားသုံးနိုင်ရန် ကျန်းမာဘေးကင်းစေဖို့ရည်ရွယ်စိုက်ပျိုးထားသည့် ဩဂဲနစ်သီးနှံများ၏တန်ဖိုးအနှစ်သာရကို မိရိုးဖလာသီးနှံနှင့် ဩဂဲနစ်သီးနှံတို့ကိုကွဲပြားစွာရွေးချယ်နိုင်စေဖို့ ❝မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း ( 𝗠𝗙𝗩𝗣 ) အသင်းကြီး ❞ရှိ သြဂဲနစ်ရေးရာကော်မတီက 𝗢𝗿𝗴𝗮𝗻𝗶𝗰 𝗖𝗲𝗿𝘁𝗶𝗳𝗶𝗲𝗱 အသိအမှတ်ပြုလက်မှတ်လျှောက်ထားခြင်းကို ကျွမ်းကျင်ပညာရှင်များမှစီစစ်ကာ ကိုက်ညီမှုရှိသောခြံများကို ဩဂဲနစ်အသိအမှတ်ပြုလက်မှတ်ကိုထုတ်ပေးနေပါတယ်။

𝗠𝗙𝗩𝗣 𝗢𝗿𝗴𝗮𝗻𝗶𝗰 𝗖𝗲𝗿𝘁𝗶𝗳𝗶𝗲𝗱 ရရှိဖို့ ချမှတ်ထားသောစည်းမျဥ်းစည်းကမ်းများအတိုင်း သတ်မှတ် စံချိန်/စံညွှန်းများ ပြည့်မှီကြောင်း လျှောက်ထားရပြီး ကျွမ်းကျင်ပညာရှင်များ၏အဆင့်ဆင့်စစ်ဆေးမှုကို ခံယူရပါတယ် ဩဂဲနစ်အသိအမှတ်ပြုလက်မှတ်ရရှိထားတဲ့ ခြံများမှဩဂဲနစ်သီးနှံများဟာ မိရိုးဖလာစိုက်ပျိုးသီးနှံများနှင့် နှိုင်းယှဉ်မရအောင် ကွဲပြားကြောင်း ရွေးချယ်စားသုံးနိုင်ဖို့ မှတ်ကျောက်တင် သက်သေထူပေးတာဖြစ်ပါတယ်။

ယခုလို ရရှိရန်ခက်ခဲသည့် 𝗠𝗙𝗩𝗣 𝗢𝗿𝗴𝗮𝗻𝗶𝗰 𝗖𝗲𝗿𝘁𝗶𝗳𝗶𝗲𝗱 ကိုကျွန်တော်တို့ Organic.com.mm ၏ 𝗬𝗼𝗲 𝗠𝘆𝗮𝗲 𝗞𝘆𝗮 𝗢𝗿𝗴𝗮𝗻𝗶𝗰 Farm မှ (၂ ) နှစ်ဆက်တိုက် အရယူမှတ်ကျောက်တင်ခံထားပြီး သြဂဲနစ်သီးနှံများကို တန်ဖိုးထားစားသုံးချင်သူများအတွက် သြဂဲနစ်စိုက်ပျိုးသူများ၏ ကြိုးပမ်းမှုနှင့် စစ်မှန်မှုတန်ဖိုးကို ပြသလိုက်ရပါတယ် ခင်ဗျာ။

#OrganicFood

#OrganicProduct

#Organic

#openmoregoodwill