ဓါတုဓာတ်မြေဩဇာ၊ဓါတုသွင်းအားစုများကို ကိုယ့်စိုက်ခင်းမှာ တိုးသုံးပြီးရင်း တိုးသုံးနေရပြီလား။

ဓါတုသွင်းအားစုတွေလျော့သုံးလိုက်တာနဲ့ အပင်မသန် ၊ အသီးကျဲပြီးပိုးမွှား၊ရောဂါများရဲ့ အဖျက်စွမ်းအားကို ကြောက်နေရပြီဆိုရင်….

သင့်စိုက်ပျိုးမြေဟာ ပျက်စီးစပြုနေပြီဆိုတာ သိထားသင့်ပါပြီ။

ဓါတုသွင်းအားစုများကိုသာ စွဲမြဲစွာသုံးလာကြတဲ့ စိုက်ပျိုးသူတောင်သူအများစုဟာ ဓာတုဆေးများရဲ့ဆိုးကျိုးများကိုလက်တွေ့ကြုံတွေ့ခံစားနေရသော်လည်း ပျက်နေတဲ့မြေတွေကိုပြန်ပြီးကုစားပေးနိုင်စွမ်းတဲ့ သဘာဝဇီဝမြေသြဇာများ၊ သဘာဝစွမ်းအားမြင့် ရွက်ဖြန်းအားဆေးများရဲ့ကောင်းကျိုးတွေကိုလေ့လာသိရှိဖို့လိုအပ်သေးတာကြောင့် ဓာတုဓာတ်မြေဩဇာသွင်းအားစုများနှင့်တွဲဖက်အသုံးပြုဖို့ (သို့မဟုတ်) ပြောင်းလဲအသုံးပြုကြည့်ဖို့ တွန့်ဆုတ်နေတတ်ကြပါတယ်။

တချို့စိုက်ပျိုးတောင်သူများရဲ့ လယ်ယာမြေတွေမှာ ဓာတုတစ်မျိုးတည်းကိုသာ ဆက်တိုက်အသုံးပြုနေတာကြောင့် စျေးကြီးမြင့်လာတဲ့ ဓါတုသွင်းအားစုဖိုးများသာပိုမိုကုန်ကျပြီး သီးနှံအကွက်လိုက်သေတာမျိုးများကြုံတွေ့နေရကာ မြေပျက်မှာစိုက်ပျိုးနေရပြီး စွန့်ပစ်မြေမဖြစ်ရုံတမယ် အခြေအနေမို့ မဆုံးရှုံးမပျက်စီးသေးခင် ဓါတုသွင်းအားစုများနဲ့ သဘာဝသွင်းအားစုများကို ပေါင်းစပ်ပြီးပြောင်းလဲအသုံးပြုကို ပြုသင့်နေပါပြီ။ 

အပင်တွေမှာ အဖျက်ပိုးနဲ့ရောဂါမျိုးစုံကျရောက်မှုဒဏ်ကနေ ကာကွယ်နိုင်ဖို့ အပင်တွေကျန်းမာနေဖို့လိုပါတယ် အပင်တွေကျန်းမာဖို့ဆိုတာ အပင်၏အမြစ်များမှ အာဟာရစုပ်ယူနိုင်စွမ်းအားကောင်းမွန်မှုအပေါ်မူတည်တာကြောင့် စိုက်ပျိုးတဲ့မြေဟာအကျိုးပြုအနုဇီဝတွေပေါကြွယ်ဝပြီး ရှင်သန်နေဖို့လိုအပ်ပါတယ်။ဓါတုနဲ့ဖန်တီးထားတဲ့ (NPK) ဓာတုကွန်ပေါင်းဓာတ်မြေသြဇာတွေက မြေကြီးထဲမှာရှိတဲ့အကျိုးပြုအနုဇီဝပိုးတွေရှင်သန်အောင်မလုပ်ပေးနိုင်တာကြောင့် အကျိုးပြုအနုဇီဝတွေပေါများစွာရှင်သန်ဖို့ဆိုရင် သဘာဝဇီဝမြေဩဇာတွေကို ထည့်သွင်းအသုံးပြုချင်းကသာ ကုစားပေးနိုင်မယ့် အားကိုးရာဖြစ်တယ်ဆိုတာ သတိပြုသင့်ပါတယ်။

သဘာဝသွင်းအားစုများကသာ သက်ရှိတို့၏ဂေဟစနစ် (Ecosystem) ကို ညီမျှကောင်းမွန်စေပြီး အရည်အသွေး မြင့်တဲ့သီးနှံများကို စိုက်ပျိုးထုတ်လုပ်ပေးနိုင်မှာဖြစ်တဲ့အတွက် သုံးစွဲရင်သုံးစွဲသလောက် စိုက်ပျိုးမြေဆီမြေနှစ်များတိုးတက်ကောင်းမွန်လာပြီး သီးနှံအရည်အသွေးများမှာ ရောင်းတန်းမြင့်မားအောင် တန်ဖိုးကြီးလာမယ့်အပြင် ရေရှည်စိုက်ပျိုးနိုင်သော မြေကိုရရှိစေမှာပါ။

သဘာဝဂေဟစနစ်များ ညီညွတ်မျှတလာလေလေ သင့်စိုက်ပျိုး မြေကြီးကရွှေသီးဖို့အလားအလာနီးလေပါပဲ။ ဒါ့ကြောင့် သြဂဲနစ်စိုက်ပျိုးရေးနည်းစနစ်များကို အလေးပေးလေ့လာရင်း စိုက်ပျိုးသူလည်းကျန်းမာတွက်ခြေကိုက်၊ စိုက်ပျိုးမြေလည်းရှင်သန် ၊စိုက်သမျှသီးနှံများလည်းအထွက်တိုးပြီး စားသုံးသူများလည်းကျန်းမာဘေးကင်းစေဖို့ ကြိုးစားလိုက်ကြရအောင်လား ခင်ဗျာ။

ကျွန်တော်တို့ Organic.com.mm ရဲ့ဆောင်ပုဒ်အတိုင်း “သဘာဝစွမ်းအားဖြင့်မြေကြီးကရွှေသီးစေရမည်” ဆိုသည့်အတိုင်းဩဂဲနစ်စိုက်ပျိုးရေးတိုးတက်ပြန့်ပွါးစေဖို့နဲ့ဩဂဲနစ်စိုက်ပျိုးရေးနည်းပညာ၊ သွင်းအားစုများကို တက်စွမ်းသ၍ ပညာရှင်များရဲ့လမ်းညွှန်မှုများကိုခံယူပြီး သြဂဲနစ်စိုက်ပျိုးနည်းပညာမျှဝေမှုများ၊ လိုအပ်လျှင်ကွင်းဆင်းလိုက်ပါကူညီဆောင်ရွက်မှုများအထိ ပြုလုပ်ပေးနေပါတယ် ခင်ဗျာ။

#သဘာဝစွမ်းအားဖြင့် မြေကြီးကရွှေသီးစေရမည်

#OrganicFood

#OrganicProduct

#Organic

#openmoregoodwill