ဒေါက်တာဟီဂါ ရဲ့ ဂျပန်အီးအမ် အစစ် ကိုသိပ္ပံပညာရှင် တွေ ဘာလို့အနှစ် ၂၀ လောက်ထိ လက်မခံနိုင်ရတာလဲ။

ဒေါက်တာဟီဂါဟာ အီးအမ် နည်းပညာကို အနှစ် ၂၀ ကြာ သုတေသန ပြုစမ်းသပ် ထုတ်လုပ်ခဲ့ ပြီး ၁၉၈၀ လောက်မှ ကမ္ဘာသို့ချပြခဲ့ပြီးအီးအမ်ဆိုတဲ့အမည်ကို ကမ္ဘာသိ မှတ်ပုံတင်ခဲ့ပါတယ်။အဲဒီအချိန်တုံးကသိပ္ပံပညာရှင် အများစုဟာ မဖြစ်နိုင်သော နည်းပညာအဖြစ်သတ်မှတ်ပြီးလက်မခံကြပါဘူး။(အီးအမ်ဆိုသည်မှာ ဓါတ်ခွဲခန်း တွင် မှလုပ်၍ရသောဂျပန်အီးအမ် အစစ်ကို ဆိုလိုပါသည်။ ကွင်းထဲတွင် တောင်သူ အဆင့်လုပ်၍ ရသော လက်ဖြစ် အီးအမ်များကို မဆိုလိုပါ။) နောက်နှစ် ၂၀ ကြာ ၂၀၀၀ ပြည့်နှစ်လောက်မှ အများစု လက်ခံလာကြပါတယ်။

လက်မခံနိုင်တဲ့အဓိက အချက်ကတော့ အီးအမ် ကို Mix-culture Technology နဲ့ လုပ်ထားလို့ပါပဲ။ အဲဒီ အချိန်တုံးက အဏုဇီဝသိပ္ပံလောကမှာ Pure-culture Technology ဘဲ ရှိသေးပြီး Mix-culture Technology ကို ဘယ်သူမှ မလုပ်နိုင်ကြသေးလို့ပါ။ သူတို့ မလုပ်နိုင်သေးတဲ့ ခေတ်လွန် နည်းပညာအသစ်တစ်ခုကို သူတို့ လက်မခံနိုင်သေးတာတော့ အထူးအဆန်းတော့ မဟုတ်ပါဘူး။

နောက်ဆုံးတော့လည်း အများစု လက်ခံသွားကြပြီပေါ့။

ဒီလိုပါပဲ အသစ်ပေါ်လာတဲ့ Nano technology ဆိုတာကို ဩဂဲနစ်စိုက်ပျိုးရေးလောကမှာ မူလတော့ လုံးဝလက်မခံပေမဲ့ အခုတော့ လက်ခံတဲ့သူများလာပါပြီ။ အခုနောက်ဆုံးပေါ်လာတဲ့ Quantum technology ဆိုတာကတော့ အခုထိ ကျွန်တော်တို့အပါအဝင် အများစု လက်မခံသေးပါဘူး။ ဘာလို့လဲဆိုတော့ နားမလည်နိုင် လက်လှမ်းမမှီနိုင်သေးလို့ပါ။ နောက်ဆုံးတော့ လည်း သိပ်မကြာခင် လက်ခံလာရမှာပါ။

အီးအမ် နည်းပညာ ကို လက်ခံဘို့ရာမှာ သူများတွေထက်ပိုကြာတာ တွေ့ရပါတယ်။ ဘာလို့လဲဆိုတော့ ဒေါက်တာ ဟီဂါဟာ အီးအမ် product ကိုသာမှတ်ပုံတင်တာဖြစ်ပြီး ပြုလုပ်ပုံကို မည်သူကိုမှ မပြောပြလို့ပါ။ ဒီနေ့ထိ ဂျပန်အီးအမ်အစစ်ပြုလုပ်ပုံကို ဒေါက်တာဟီဂါနဲ့ သူ့ရဲ့ အနီးကပ် တပည့် ( ၂ ) ယောက် (၃) ယောက်လောက်ကလွဲရင် ဘယ်သူမှ မသိပါဘူး။ ကျွန်တော်တို့လည်း မလုပ်တတ်ပါဘူး။ လုပ်တတ်လည်း Mix-culture လုပ်နိုင်လောက်တဲ့ ဓါတ်ခွဲခန်းမျိုး မြန်မာပြည်မှာ မရှိလို့လုပ်မရပါဘူး။

အဲ့တော့ သူကဘာလုပ်လဲ ဆိုတော့ သူ့ပစ္စည်းဘယ်လောက်စွမ်းကြောင်းသာ စိတ်ရှည်ရှည်နဲ့ သက်သေပြပါတယ်။

အီးအမ်သည် အဓိက စိုက်ပျိုးရန်ခက်ခဲသောမြေ (မြေဆီဩဇာ အလွန်ညံ့သော/ မြေ၏ pH ခေါ်ချဉ်ငံဓါတ် နိမ့်လွန်းမြင့်လွန်းသော မြေများ) ကို မြေဆီဩဇာပြန်ကောင်းလာအောင် လုပ်ပေးနိုင်ပါသည်။ အထူးသဖြင့် pH မကောင်းသော မြေများကို pH ကောင်းလာ အောင် ပြုပြင်ပေးရာမှာ အလွန်မြန်ပါသည်။

အကျိုးပြု အဏုဇီဝအများစုသည် ထိုကဲ့သို့သော အာနိသင်များရှိကြပါသည်။ ထို့ကြောင့် အကျိုးပြုအဏုဇီဝများ အသုံးပြု၍ မြေပြင်နိုင်ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံမှာ အီးအမ် စိုက်ခင်းတည်ထောင်စဉ် အခါက ထိုင်းအစိုးရထံမှ အပင်ပေါက်ရန်အလွန်ခက်ခဲတဲ့အထိ မြေဆီညံ့သော Soil pH အလွန် ညံသော ဖုန်းဆိုး မြေဧကထောင်ချီတောင်းယူပြီး Zero tillage ဖြင့်သီးနှံဖြစ်ထွန်းအောင် စိုက်နိုင်တဲ့အထိလုပ်ပြခဲ့ပါတယ်။ အဲဒီနောက်ပိုင်း လူတွေ စိတ်ဝင်စားလာပြီးလက်ခံလာကြတာပါပဲ။

– ဆရာဒေါက်တာမြင့်လွင်ဆောင်းပါး –

#သဘာဝစွမ်းအားဖြင့်မြေကြီးကရွှေသီးစေရမည်

#OrganicFood#OrganicProduct#Organic#openmoregoodwill

#Japan_EM

#organic_technology

#Biological_disinfectant_solution

#Biotechnology

#Natural_foliar_spray