Automatic Watering System

Home Garden များ၊ ကွန်ဒို၊ ဟိုတယ်၊ ဆေးရုံများမှာ စိုက်ပျိုးထားတဲ့ Garden များအတွက် စက်သုံးဆီမလို လူအားမပါဘဲ ပန်းခြံတွေနဲ့ စိုက်ခင်းတွေကို ဆိုလာစနစ်သုံး Automatic Watering System နဲ့ ရေပေးဝေနိုင်ပါပြီ ..

ကိုယ်ပိုင် ဆိုလာစနစ်နဲ့ လည်ပတ်နိုင်ပြီး AWS Control Box ကနေတစ်ဆင့်ခိုင်းစေပြီး ပေးလိုတဲ့ ရေလီတာ၊ ကြာချိန်၊ ရေပေးဝေရမယ့် အချိန်တို့ကို သတ်မှတ်ပေးလိုက်တာနဲ့ အလိုအလျောက် ရေပေးဝေခြင်း၊ အာဟာရတိုက်ကျွေးခြင်းတို့ကို ဆောင်ရွက်နိုင်တဲ့ ..

Automatic Watering System ကို Organic.com.mm က စိုက်ခင်း (18) ခုမှာ တပ်ဆင်ပေးထားပြီးဖြစ်ပါတယ်။

စိုက်ခင်းကြီးများသာမက Home Garden များ၊ ကွန်ဒို၊ ဟိုတယ်၊ ဆေးရုံများမှာ စိုက်ပျိုးထားတဲ့ Garden များအတွက်လည်း ကျွန်တော်တို့ Organic.com.mm ရဲ့ Automatic Watering System ကို အသုံးပြုနိုင်ပါတယ်။

Automatic Watering System မှာဆိုရင်
– Drip irrigation
– Sprinklers irrigation
– Surface irrigation စနစ် (၃) မျိုးပါဝင်ပါတယ်။

Automatic Watering System တပ်ဆင်မယ်ဆိုရင်
– ပင်ခြား၊ တန်းခြား
– မြေပြင်အနေအထား
– လျှပ်စစ်မီး ရ/မရ
– လက်ရှိရေရယူမှု(အင်ဂျင်၊ လျှပ်စစ်မော်တာ၊ ဆိုလာပန့်)
– ရေစင်ရဲ့ ကန်အနေအထား (Size) နှင့် မြေပြင်မှ အမြင့်
– အင်ဂျင်၊ မော်တာတွေ ရဲ့မြင်းကောင်ရေအား
– အပင်အမျိုးအစား
– အပင်သက်တမ်း
– နေရာဒေသ တို့ကို ပထမဦးဆုံး Survey ကောက်ယူရပါမယ်။

အထက်ပါအချက်အလက်တွေပြည့်စုံပြီး စတင်တပ်ဆင်မယ်ဆိုရင်တော့ တပ်ဆင်ချိန် နှစ်ပတ်ခန့်နှင့်အထက်ကို လုပ်ငန်းခွင် အကြီးအသေးပေါ်မူတည်ပြီး ကြာမြင့်နိုင်ပါတယ်။

(Home Garden များ နဲ့ စိုက်ခင်းများပေါ်မူတည်ပြီး တပ်ဆင်ချိန်ကွာခြားနိုင်ပါတယ်ခင်ဗျာ)

တပ်ဆင်သွားမယ့် ပစ္စည်းများအတွက်လည်း

– Automatic Watering System Control Box အတွက် (၁) နှစ် အာမခံ
– ရေပိုက်နဲ့ Auto Robot Bar များအတွက် အာမခံမပေးသော်လည်း PE Pipe များက ရိုသေစွာ သုံစွဲပါက (၁၅) နှစ်မှ နှစ် (၂၀) အထိ အသုံးပြုနိုင်ပါတယ်။

Auto Robot Bar များကလည်း မိုးလုံလေလုံထားမယ်ဆိုရင် လွယ်လွယ်မပျက်စီးနိုင်လို့ Automatic Watering System ကို မိတ်ဆွေတို့စိုက်ခင်းမှာ ယုံကြည်စိတ်ချစွာ တပ်ဆင်နိုင်ပါတယ်ခင်ဗျာ။

အသေးစိတ်သိရှိလိုပါက 09 5141281 , 09 785141281 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Organic.com.mm သည် MFVP အသင်းကြီး Organic ရေးရာကော်မတီရဲ့ လမ်းညွှန်ချက်အတိုင်း တစ်သွေမတိမ်း ဆောင်ရွက်နေသောလုပ်ငန်းဖြစ်ပါတယ်ခင်ဗျာ။