Save Land, Save Water, Save Plant

မြန်မာနိုင်ငံသည် စပါးကို အဓိက စိုက်ပျိုးသော နိုင်ငံဖြစ်သည့်အားလျော်စွာ နှစ်စဉ် စပါးတန်ချိန် ၂၈ သန်းခန့် (Myanmar Agriculture Sector in Brief. 2019) ထုတ်လုပ်ပြီး စပါးခွံ တန်ချိန် ၅သန်းခန့် ထွက်ရှိပါသည်။

ဧရာဝတီတိုင်းကဲ့သို့ ဆန်စက်များသော ဒေသများတွင် ဆန်စက်များမှ ထွက်သော စပါးခွံနှင့် အခြားစွန့်ပစ်ပစ္စည်းများသည် ပါတ်ဝန်းကျင်ကို ညစ်ညမ်းစေသည်အထိ စုပုံလာပြီး ဒေသဆိုင်ရာစိန်ခေါ်မှုတစ်ခု ဖြစ်လာပါသည်။ စပါးခွံသည် သဘာဝအတိုင်းဆွေးမြေ့ရန် အလွန်ခက်ခဲပြီး ဆွေးမြေ့ချိန် ကြာလွန်းသောကြောင့် ၎င်းပြဿနာကို ပိုမိုကြီးထွားစေပါသည်။

၎င်းပြဿနာကို ဖြေရှင်းရန်နှင့် မြေဆီလွှာ ပြုပြင်ထိန်းသိမ်းရန်အတွက် လိုအပ်သော ဩဂဲနစ်မြေဩဇာများ ထုတ်လုပ်ရန်အတွက် ဆွေးမြေ့ရန် အလွန်ခက်ခဲသော စပါးခွံများကို နည်းပညာအသုံးပြု၍ အချိန်တိုအတွင်း ဆွေးမြေ့စေပြီး အကျိုးပြု အဏုဇီဝများ၊ သဘာဝတွင်းထွက်ကျောက်များ စသည့် အားဖြည့်ပစ္စည်းများထည့်၍ အရည်အသွေးကောင်းသော သဘာဝမြေဩဇာ (ဇီဝမြေဩဇာ)ကို ထုတ်လုပ်ခဲ့ပါသည်။ စပါးခွံသည် ဆွေးမြေ့ရန် အလွန်ခက်ခဲသောကြောင့် အရင်ဆုံး စပါးခွံ ဆွေးမြေ့ရန်ခက်ခဲသည့် အကြောင်းရင်းကို လေ့လာပြီးမှ ထိုအကြောင်းရင်းကို အဓိက အရင်တိုက်ဖျက်ရပါတယ်။

စသည့် စပါးခွံနှင့် ဆန်စက်ထွက်စွန့်ပစ်ပစ္စည်းများမှ သဘာဝမြေဩဇာနှင့် ပိုးသတ်ဆေးအမျိုးမျိုး ထုတ်လုပ်ခြင်းဆိုင်ရာ အထူးပြု နည်းပညာများကို ဆရာ ပါမောက္ခဒေါက်တာမြင့်လွင်အနေနဲ့ ရေးသားနေပြီး မကြာခင်မှာ စာအုပ်ထုတ်လုပ် ဖြန့်ချိပေးပါမယ်ဆိုတဲ့အကြောင်းကို ကျွန်တော်တို့ Organic.com.mm မှ သတင်းကောင်းပါးပါတယ် ခင်ဗျာ ..

လက်ရှိ စိုက်ပျိုးရေးအသိပညာများနှင့် အခြားဆက်စပ်ပညာရပ်များ စာအုပ်တွင် ဆရာ ပါမောက္ခဒေါက်တာမြင့်လွင်အနေနဲ့ စာမျက်နှာ ၅၂ မှ ၇၆ အထိလည်း ရေးသားထားပြီး ဤစာအုပ်ကို မူရင်းဈေးအတိိုင်း ၆၀၀၀ ကျပ်ဖြင့် မှာယူနိုင်ပါပြီ .. ..

#Mobile – 09 5141281, 09 785141281 ကိုဆက်သွယ်မှာယူနိုင်သလို Page chat box ကနေလည်း မှာယူနိုင်ပါတယ် ခင်ဗျာ ..