ဓါတုသွင်းအားစုတွေလျော့သုံးလိုက်တာနဲ့ အပင်မသန် ၊ အသီးကျဲပြီးပိုးမွှား၊ရောဂါများရဲ့ အဖျက်စွမ်းအားကို ကြောက်နေရပြီဆိုရင်…. သင့်စိုက်ပျိုးမြေဟာ ပျက်စီးစပြုနေပြီဆိုတာ သိထားသင့်ပါပြီ။ ဓါတုသွင်းအားစုများကိုသာ စွဲမြဲစွာသုံးလာကြတဲ့ စိုက်ပျိုးသူတောင်သူအများစုဟာ ဓာတုဆေးများရဲ့ဆိုးကျိုးများကိုလက်တွေ့ကြုံတွေ့ခံစားနေရသော်လည်း ပျက်နေတဲ့မြေတွေကိုပြန်ပြီးကုစားပေးနိုင်စွမ်းတဲ့ သဘာဝဇီဝမြေသြဇာများ၊ သဘာဝစွမ်းအားမြင့် ရွက်ဖြန်းအားဆေးများရဲ့ကောင်းကျိုးတွေကိုလေ့လာသိရှိဖို့လိုအပ်သေးတာကြောင့် ဓာတုဓာတ်မြေဩဇာသွင်းအားစုများနှင့်တွဲဖက်အသုံးပြုဖို့ (သို့မဟုတ်) ပြောင်းလဲအသုံးပြုကြည့်ဖို့ တွန့်ဆုတ်နေတတ်ကြပါတယ်။ တချို့စိုက်ပျိုးတောင်သူများရဲ့ လယ်ယာမြေတွေမှာ ဓာတုတစ်မျိုးတည်းကိုသာ ဆက်တိုက်အသုံးပြုနေတာကြောင့် စျေးကြီးမြင့်လာတဲ့ ဓါတုသွင်းအားစုဖိုးများသာပိုမိုကုန်ကျပြီး သီးနှံအကွက်လိုက်သေတာမျိုးများကြုံတွေ့နေရကာ မြေပျက်မှာစိုက်ပျိုးနေရပြီး စွန့်ပစ်မြေမဖြစ်ရုံတမယ် အခြေအနေမို့ မဆုံးရှုံးမပျက်စီးသေးခင် ဓါတုသွင်းအားစုများနဲ့ သဘာဝသွင်းအားစုများကို ပေါင်းစပ်ပြီးပြောင်းလဲအသုံးပြုကို ပြုသင့်နေပါပြီ။ အပင်တွေမှာ အဖျက်ပိုးနဲ့ရောဂါမျိုးစုံကျရောက်မှုဒဏ်ကနေ ကာကွယ်နိုင်ဖို့ အပင်တွေကျန်းမာနေဖို့လိုပါတယ် အပင်တွေကျန်းမာဖို့ဆိုတာ အပင်၏အမြစ်များမှ အာဟာရစုပ်ယူနိုင်စွမ်းအားကောင်းမွန်မှုအပေါ်မူတည်တာကြောင့်
မြန်မာနိုင်ငံမှ လူအများစုက ဓါတုသွင်းအားစုသုံးပြီးစိုက်ပျိုးတဲ့ မိရိုးဖလာစိုက်ပျိုးနည်းများနဲ့စိုက်ပျိုးထွက်ရှိလာတဲ့သီးနှံများကိုသာ စားသုံးနေကြရတာဖြစ်ပြီး ဓါတုသုံးသီးနှံများနဲ့သာ ရင်းနှီးထိတွေ့နေရတာကြောင့်
သဘာဝတွင်းထွက်ကျောက်တွေကနေ ဓါတုဆေးထက် စွမ်းအားမြင့်တဲ့ အပင်ရွက်ဖျန်းမြေဩဇာတွေ ထုတ်လို့ ရတယ်ဆိုတာ….